Episode-7

640 41 0
                                    

Unicode /–

"Baekhyun!!.. မင်းပြန်လာခဲ့လို့..ကျစ်..ဒီကောင်ကွာ"

Sehun ကသာ အော်ခေါ်နေပေမဲ့ Baekhyun ကလှည့်တောင်မကြည့်ခဲ့ပါ။ စက်ဘီးကို မြန်နိုင်သမျှ မြန်အောင် နင်းပြီး ​ထွက်သွားခဲ့သည်။

Sh pov: အဝတ်စားတောင်မလဲသွားဘူး။

"အခုမှ ဒီကောင်ကွာလုပ် မနေနဲ့.."

"KaungSoo ငါစိတ်ကြည်မနေဘူးနော်"

"ငါကရော သိပ်ကြည်နေတယ်ထင်လို့လား၊လုပ်တုန်းက လုပ်ထားပြီးတော့ ဟွန့်"

ဟိုတစ်နေ့အပြင်က ပြန်လာသည့်အချိန်မှစပြီး သုံးယောက် ထဲရှိတဲ့ ကျွန်တော်တို့အုပ်စုက စကားသေချာမပြောဖြစ်ကြတော့ပါ။ အခြေအတင်စကား များခဲ့ကြတယ်ဆိုပေမဲ့ ပြီးခဲ့တာတွေ က ပြီးကုန်ပြီလေ။ သူစိမ်းတစ်ယောက်ရှေ့မှာ ပြောဆိုမိတယ်ဆိုပေမဲ့ တမင်မရည်ရွယ်ခဲ့တာကိုတော့ Baekhyun တစ်ယောက်နားလည်မည်မဟုတ်။ ကိုယ်နဲ့ အသက်အများကြီးကွာတဲ့ စီနီယာတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောစေချင်ခဲ့ပါ။ တစ်ချိန်မှာ မလိုလားအပ်တဲ့ အရာတွေ ဖြစ်လာနိုင်သည်လေ။ Byun အိမ်တော်က သခင်လေးက အရိုင်းအစိုင်း ဆိုပြီး နာမည်မထွက်စေချင်ဘူး။ စိတ်ရင်းအမှန်နဲ့ စေသနာအရင်းခံ ပြီးပြောခဲ့သော်လည်း စကားပြောရင် ဘယ်သောအခါမှ နူးနူးညံ့ညံ့ နဲ့ တစ်ဖက်သားနားဝင်လေအောင် မပြောတတ်တဲ့ ကိုယ့်ကြောင့် သူငယ်ချင်းတွေ စိတ်ဝမ်းကွဲရသည်။

အခုလည်းကြည့် မပြောမဆို ထွက်သွားသည့် Baekhyun ကိုစိတ်ပူ ရသည့်ထဲ၊ ကိုယ့်ကြောင့်
Baekhyun စိတ်ထိခိုက်ရပါသည်ဟူသော ခေါင်းစဥ်ဖြင့် ထပ်တလဲ လဲ အပြစ်တင်နေသည့် KaungSoo ကြောင့် စိတ်ညစ်ရပြန်သည်။

"စီနီယာ က အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းခလေးမျိုးမဟုတ်ဘူး Kaung Soo။ ဒါကို မင်းရော၊ Baekhyun ပါ နားလည်စေချင်တယ်။"

"မင်းက တစ်ဖက်ထဲ ကြည့်တော့တစ်ယောက်ပဲ မြင်တာ မဆန်းပါဘူး။ ဒါကမင်း ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတော့ငါ အပြစ်မပြောချင်ဘူး။ပြောလို့ မရဘူးဆိုတာလဲ ငါသိတယ်။ ဒါပေမဲ့ Sehun ငါမင်းကိုတစ်ခုတော့ တောင်းဆိုချင်တယ်"

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now