"အဲ့လိုပြောကြေးဆို ခုချက်ချင်း မင်းနဲ့ငါနဲ့လည်း ကောက်တွဲလို့ရတာပဲလေ"

"အာ... မင်းကလည်း"

"ရှောင်းကျန့် တချို့အရာတွေကို မင်းမြင်အောင်ကြည့်ကြည့်စမ်းပါ
မင်းမမြင်နိုင်ပေမယ့် ဘေးလူဖြစ်တဲ့ ငါတို့ မြင်နေရတယ်"

........................................................................

"ရိပေါ်ရှိလား ဝမ်မား"

"မရှိဘူး ကျန့်ကျန့်ရဲ့
အပြင်ခဏသွားတယ်
ပြန်လာတော့မယ်ထင်တယ်"

"ဟုတ် ဒါဆို သူ့အခန်းထဲကပဲ စောင့်နေလိုက်တော့မယ်"

"အေးအေး"

ရှောင်းကျန့်လည်း ရိပေါ်အခန်းထဲသာ ဝင်စောင့်နေလိုက်တော့သည်။
ရိပေါ်အခန်းက ရိုးရိုးရှင်းရှင်းလေး ၊ နံရံကို အစိမ်းနုနုလေး သုတ်ထားသည်။ ဒါတောင် ဆေးသုတ်တုန်းက ရှောင်းကျန့် ကြိုက်တဲ့ အနီရောင်သုတ်မယ်ဆိုလို့ မျက်စိစူးလိမ့်မယ်ဆိုပြီး အတင်းတားခဲ့ရသေးသည်။

နံရံပေါ်မှာ ရှောင်းကျန့်ငယ်ငယ်က ဆွဲထားတဲ့ မပီမပြင် ရှောင်းကျန့်ပုံကို ဘောင်သွင်းပြီး ချိတ်ထားသည်။
ရှောင်းကျန့်မှတ်မိပါသေးသည်။ အဲ့ဒီတုန်းက သူဆွဲပြီး ပုံဘေးမှာ ရှောင်ရှောင်းကျန့်လို့ နာမည်ရေးနေတုန်း ရိပေါ်အတင်းလုပြေးသွားလို့ ငိုရသေးတာကို။
နောက်ရက်ကျတော့ ရိပေါ်အတင်းပူဆာလို့ ဝမ်မာမားက ဘောင်သွင်းပြီး အမြင့်ကြီးမှာ ချိတ်ပေးထားရပါသည်တဲ့။
ဘာလို့အမြင့်ကြီးမှာ ချိတ်ထားတာလဲလို့မေးရင် ရှောင်းကျန့် ပြန်လုသွားမှာစိုးလို့ဆိုပြီးလည်း ရိပေါ်က ဖြေတတ်ပါသေးသည်။

အိပ်ရာဘေးက မီးအိမ်လေးနားမှာ ကလေးဘဝတုန်းက ရိပေါ် ရှောင်းကျန့်ကိုအာဘွားပေးနေတဲ့ပုံလေးထောင်ထားသည်။ အဲ့ဒီပုံကို ဘာလို့ထားထားတာလဲလို့ ရှောင်းကျန့်မေးတိုင်း ရိပေါ်က ပြန်မဖြေ၊ ပြုံးရုံသာပြုံးနေတတ်သည်။

"ရှောင်းကျန့်"

"ရိပေါ် ပြန်လာပြီလား"

"အင်း"

"မင်းက အိမ်ဘက်ကိုတောင်မလာဘူး
မင်းမလာလို့ ငါလာရတာ"

"ငါတကယ်လာရင်ရော မင်းကလက်ခံမှာလား"

"လက်ခံပါတယ်"

"တကယ်လား"

"အင်းလေ အထူးအဆန်းလုပ်လို့
ငါမခေါ်ရင်တောင် မင်းလာနေကျပဲဟာကို"

"အင်း မင်းမခေါ်ရင်လည်း ငါက ရအောင်လာမှာ"

"..."

"ပြောစရာရှိလို့လား"

"ရိပေါ်... မင်းငါ့ကို စိတ်ဆိုးနေတာလား"

"အင်း"

"တကယ်ကြီး စိတ်ဆိုးနေတာပဲ
ခါတိုင်းလိုတောင် မငြင်းတော့ဘူး"

"အင်း"

"လီယိုနဲ့ကိစ္စကြောင့်လား"

ထိုစကားဆုံးတာနှင့် ရိပေါ်က သူ့နှုတ်ခမ်းကို လက်ညှိုးဖြင့် လှမ်းပိတ်သည်။

"ရှူး...အဲ့ဒီအကြောင်းမကြားချင်ဘူး
မပြောနဲ့"

"..."

"ငါ မင်းကို စိတ်ဆိုးနေတယ် ရှောင်းကျန့်
ဒီည မင်းကို ဖက်အိပ်လို့ရမလား"

"စိတ်ဆိုးနေတယ်ဆို..."

"အင်းလေ"

"အဲ့တာဆို ဖက်အိပ်မယ်ဆိုတာက... "

"စိတ်ဆိုးနေလို့လေ"

"စိတ်ဆိုးနေရင် ဘာလို့ဖက်အိပ်နေမှာလဲ"

"စိတ်ဆိုးနေလို့ ဖက်အိပ်တာလေ"

"စိတ်ဆိုးနေရင်....."

"စိတ်ဆိုးနေလို့....."

........................................................................

Note:

Sorry for late^^
ခုရက်ပိုင်းအတွင်း notiတွေ အရမ်းတက်နေလို့ မျက်စိလျှမ်းပြီး တချို့cmtတွေ replyမပြန်မိရင် စိတ်မရှိကြပါနဲ့နော်
အားလုံးကို အလေးအနက်ထားပါတယ်ရှင့်
အတတ်နိုင်ဆုံးတော့ မြန်မြန်upပေးနိုင်အောင်ကြိုးစားပါ့မယ်

By Fair Means or Foul || Completed ||Where stories live. Discover now