အိမ်ပြန်လာတယ့် လမ်းတလျှောက် ကားမောင်း
နေတယ့်အချိန်အတွင်း
မှာလည်း...
ထိတ်လန့်နေတယ့် မျက်နှာထားနဲ့ မဖြစ်နိုင်ပါဖူး
ဆိုပြီး ပါးစပ်ကနေ ရွတ်နေမိတယ်...

*******************
ထယ် တယောက်... လီရန်းက မူးနေလို့ လာကြိုပေးပါဆိုတယ့် ဖုန်းကိုရတော့
မသွားဖူးလို့ လုပ်နေပေမယ့် မင့်ရဲ့ ပြောစကား
ကြောင့် ထွက်လာမိတယ်...

ထိုဘားကိုရောက်တော့ လီရန်းက သောက်ပြီးရင်း ဆက်သောက်နေတာကို
မြင်လိုက်ရတယ်...

'' လီရန်း... ထ အိမ်ပြန်မယ်... ''

'' ဟာ..ယောင်းလာတယ်နော်... ရန်းကို
လာကြိုတာလားဟင်... ''

'' ကျစ်...မြန်မြန်ထကွာ... ''

'' ဟာ..ခဏလေးနေပါအုန်း... ရော့.. တခွက်သောက်လိုက် ယောင်းသောက်ပြီးရင်
ရန်း လိုက်ခဲ့မယ်...''

'' မင်းကွာ..တော်တော်အလုပ်ရှုပ်တယ်... ''

သူပေးတယ့် အရက်တခွက်ကို မျက်စိစုံမှိတ်ပြီး
သောက်လိုက်တယ်...
ခါးသက်သက်နဲ့ ပူနွေးနေတယ့် အရသာက
လည်ချောင်းတလျှောက်ဆင်းကျသွားတယ်...

သူမျက်စိမှိတ်ပြီး သောက်နေစဉ်အတွင်း
လီရန်းရဲ့ မျက်နှာပေါ်က ခပ်ထေ့ထေ့အပြုံးကို
စာရေးသူနှင့် စာဖတ်သူများမှအ​ပ
တယောက်မှ မမြင်လိုက်...

'' ရော့..သောက်ပြီးပြီ... ကဲ..ရပြီလား..''

'' အင်း..ရပြီ...ရန်းတို့ သွားရအောင်...''

ဘားကနေအထွက် ပူတက်လာတယ့်အပူ...
ဒီအပူ..ဘာအပူလည်းဆိုတာ ကျနော်သိတာပေါ့..

ရန်း..ကျနော့်ကို ဆေးခပ်လိုက်တာပဲ...
ဟင့်အင်း..မင်ကလွဲပြီး တခြားဘယ်သူနဲ့မှ
ကျနော် ဒီလိုမလုပ်ချင်ဖူး...

ကျနော် ဒီနေရာကနေ အမြန်ထွက်သွားရမယ်
ဆိုပြီး ပြေးထွက်လာမလို့ လုပ်ပေမယ့်
အားမရှိတော့တဲ့ ခြေထောက်တွေ...

ထိုအချိန် လီရန်းက ကျနော့်ကို လာတွဲပြီး..
ကူညီပါစေဆိုပြီး လာပြောနေတယ်...

ဟင့်အင်း... သူ့နောက်ပါသွားလို့မရဖူး...
မင့်ဆီ..မင့်ဆီကို အမြန်ဆုံးပြန်ရမယ်...

ဒါပေမဲ့ ကျနော့်ခန္ဓာကိုယ်က စိတ်သွားတိုင်း
ကိုယ်မပါသလို ဖြစ်နေတယ်...

ကျနော် ဒီနေရာကို လာခဲ့မိတာ အမှားပဲ...

****************

ဆေးခပ်ခံလိုက်ရတယ့် ကောင်လေးနဲ့ သူမြင်ခဲ့တယ့် အရာကို မဖြစ်နိုင်ပါဖူးလို့ ပါးစပ်ကပြောနေပေမယ့် လက်တွေ့ မြင်ခဲ့ရတယ့် ကောင်လေး
ဘာတွေ ဆက်ဖြစ်ကျမလည်း...

နောက် ၂ပိုင်း ၃ ပိုင်းလောက်ဆိုရင် final ရောက်လောက်ပြီပေါ့...

ဇာတ်သိမ်းပိုင်းက SE ဆိုရင် အရမ်းကောင်းမှာနော်.. ဟုတ်တယ်မလား...

8.11.2021
ven
6:39pm

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Kde žijí příběhy. Začni objevovat