အချိန်ကလည်း ကြပ်နေသဖြင့်ယွမ့်ထန်း မငြင်းနိုင်တော့ပေ။ သူ ကျေးဇူးတင်ပြီးနောက် အင်ပါယာ၏ မာ၇ှယ်ကြီး၏ ကိုယ်ပိုင် ကားပျံထဲ စီးဖြစ်ပြန်သည်။

" ကျေးဇူးတင်ပါတယ်။ ကျွန်တော် တတိယမြောက် စစ်ဆေးပွဲရှိတဲ့နေရာကို နာ၇ီဝက်အတွင်း ရောက်၇မှာဆိုတော့ အဆင်ပြေနိုင်မလား"

" သိပ်ရတာပေါ့"

ဟော်ယွင်ချန်းက လျစ်ခနဲပြုံးပြီး ကိုယ်ကို ကိုင်းလကာ သူ့ကို ခါးပတ်ပတ်ပေးသည်။ထို့နောက် သူ့နေရာသူ ၀င်ထိုင်ကာ ခါးပတ်ပတ်ပြီး ပြောသည်။

" သေချာ ထိုင် "

ကားပျံက မြားပစ်သလို ထိုးထွက်သွားသည်မှာ ယွမ့်ထန်းပင် နောက်ခုံကို ခပ်တင်းတင်း ကိုင်ထားလိုက်ရသည်။ သူ မူးဝေသွား၏။

ခေါင်းမူးလိုက်တာ

မာရှယ်အဆင့် ကားမောင်းစွမ်းရည်နှင့်အတူ သူတို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်သည်။ကံကောင်းသည်မှာ ဟော်ယွင်ချန်းက ယွမ့်ထန်းအတွက် တွေးကာ အ၇ှိန်ကို လျှော့ပေးထားခဲ့ခြင်းဖြစ်သည်။ သို့တိုင် ထိုနေရာသို့ ဆယ်မိနစ်အတွင် ရောက်သွားလေသည်။

ယွမ့်ထန်းမှာ ခြေထောက်တွေပင် ပျော့ခွေနကာ မိနစ်အနည်းငယ်ခန့် ကားထဲ ဆက်ထိုင်နေလိုက်ရသည်။ ထို့နောက် ဟော်ယွင်ချန်းကို ကျေးဇူးတင်ပြီးသည်နှင့် ကားထဲမှ ပြေးထွက်သွားသည်။

ကြယ်သုံးပွင့် စစ်ဆေးပွဲတွင် လူအလွန်နည်းနေသည်။ထိုသည်ကလည်းြ ပီးဆုံးရန် အချိန်သိပ်မကျန်တော့ခြင်းကြောင့်လည်း ဖြစ်နိုင်လေသည်။ ထို့ကြောင့်ယွမ့်ထန်း ၀င်သွားသည့်အခါ အားလုံးက သူ့ကို စိုက်ကြည့်လာကြသည်။

ယွမ့်ထန်း တစ်ခဏခန့် စောင့်ဆိုင်းပြီးနောက် သူ့အလှည့်ရောက်သည်။ ပါဝင်ပစ္စည်း ၁၅မျိုးသုံးကာ တစ်နာ၇ီအတွင်း ပြီးအောင် ချက်ရမည်ဖြစ်သဖြင့် ခက်ခသည်ဟု ဆိုရမည်။

ယွမ့်ထန်းက ပါဝင်ပစ္စည်းတွေကို ရွေးလိုက်သည်။ သူ၏ ပါဝင်ပစ္စည်း ၁၅မျိုးမှာ သခွားသီး၊ ၀က်မိုးခိုသား၊ ဖရုံသီး၊ ကြက်ရင်ဖုံ၊ အာလူး၊ ကြက်ဥ၊ မုန်လာဥ၊ဟင်းနုနွယ်ရွက်၊ဆန်မှုန့်စေး၊ မုန်လာဥဖြူ၊ ကြက်သွန်ဖြူ၊ ငရုတ်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် အမဲသားတို့ဖြစ်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now