ရိုင်းစကိတ်မစီးနိုင်လဲ ဘာဖြစ်လဲ
စကိတ်စီးတတ်တယ့်
ကိုကိုရှိနေတာဘဲ

ရိုင်းဧကရာဇ်ရဲ့လက်ကိုဆွဲကာ
ငြိမ့်ငြိမ့်လေးစီးနေတယ့် ကိုကို
လေတစ်ချို့ကို တိုးလာတိုင်း
လက်ချင်းမျက်နှာချင်းဆိုင်တွဲကာ
စီးနေရတယ့် ခံစားချက်က
ဘာနဲ့မှ အစားထိုးလို့မရ

တကယ့်ကို ကြည်နူးစရာ
ရိုင်းဧကရာဇ် စကိတ်မစီးတတ်ရင်
စီးတတ်တယ့် ကိုကိုရှိတယ်
ဘာမှပူစရာမလိုဘူး
ချစ်လင်လင်တွေဖြစ်တယ့် ကိုကိုနဲ့မောင်က
တစ်ယောက်အားနည်းချက် အားသာချက်ကို
ညိုလို့ အဆင်ပြေပြီး နွေးထွေးစွာ အချစ်တွေနဲ နေနေမှာ
ဒါက ခုလိုနေရာတစ်ခုတည်းတင်မဟုတ်
မိသားစုအိမ်တွင်းရေးမှာရောပေါ့။

အတော်အတန်ကြာ စကိတ်စီးပြီးနောက်မှာ
မောင်က နှာခေါင်းလေးရဲလာတာကြောင့်
လွန်း နှာစေးမှာကို စိတ်ပူစွာ
စကိတ်စီးတာကို ရပ်လိုက်တော့သည်။

ကွင်းထဲကနေ ပြန်ထွက်လာလာခြင်း
အနားကိုရောက်လာတယ့် လူတစ်စုကြောင့်
လွန်းမှာ မျက်လုံးလေးအဝိုင်းသား
မောင်နဲ့သူ့ကို နှစ်ယောက်တွဲဓာတ်ပုံတွေ
အတင်းဝိုင်းရိုက်ကြတယ့်သူတွေက
စီးပွားရေးလောကမှ အတော့်ကို အမြစ်တွယ်ကာ
အုပ်စိုးနေသူနဲ့
ဖက်ရှင်လောကကို တစ်ဖက်တလမ်း
ထိန်းကိုင်ထားနိုင်သူနှစ်ဦး၏
ပတ်သတ်မှုကို အတော်ကို
စိတ်ဝင်စားနေကြတာ

ဒါတောင်လွန်းနဲ့ရိုင်းရဲ့ လက်ထပ်ပွဲဟာ
လူတိုင်းသိအောင် ကျော်ကြားခဲ့တယ့်
ပွဲတစ်ပွဲပါ။

"ဟိုတစ်နေ့က ကမ်းနားက ကိစ္စမှာ
ဒီဘက်က ဦးရိုင်းဧကရာဇ်ရဲ့ ရင်ခွင်ထဲက
သူက ဒီဘက်ကသူဟူတ်ပါသလား'

ထိုသူရဲ့အမေးကို ရိုင်းမျက်မှောင်ကြုတ်မိသည်။
ငါ့ရင်ခွင်ထဲကို ကိုကို့ကို မထည့်လို့ ဘယ်သူ့ကို
ထည့်ရမှာလဲ
တောက်စ်!

ကိုကိုကတော့ ကြောင်တောင်တောင်
ကောင်မလေး တစ်ယောက်က
ပုံနဲ့
ရိုက်ကာ တင်ထားတယ့် vdတွေ
ပြထားတော့မှာ
ကိုကိုဟာ ပြန့်ကျနေတယ့် ဆံပင်လေးကို
ဘယ်ဘက်နားပေါ်သပ်တင်ရင်း
ယောကျာ်း ပီသစွာ ရယ်လေသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeजहाँ कहानियाँ रहती हैं। अभी खोजें