ခနအကြာတွင်​​တော့ သီချင်းသံပါတိတ်​ဆိတ်​သွား​လေ​တော့သည်​...
အရာအားလုံးနှင့်​​ဝေးကွာသွားသကဲ့သို့ပင်​..
ထိုသူ၏​သေးငယ်​သည့်​အိပ်​မက်​​လေးတွင်​​တော့လူနှစ်​ဦးကသူ့အားတစ်​​နေရာတွင်​​စောင့်​​နေ​လေ၏....

မိမိတ​ဖြေး​ဖြေးအနား​ရောက်​သွားသည်​နှင့်​ချက်​ချင်းဦးညွှတ်​လာသည့်​လူနှစ်​ဦးသည်​​တော့အရှိန်​အဝါပြင်း​လေသည်​...

"သူမအတွက်​အခွင့်​အ​ရေးကိုဖန်​တီး​ပေးခဲ့တာကျွန်​​တော်​မယုံနိုင်​​သေးဘူးသခင်​_"

ထိုသူဆို​လေ​တော့ Asteroလက်​ထဲမှပုန်းကွယ်​​နေသည့်​သလင်း​ကျောက်​​လေးအားထုတ်​လိုက်​၏...

" ငါမဖန်​တီး​ပေးရင်​​တောင်​သူကဖန်​တီး​ပေးအုံးမှာပဲ​လေ..ငါမရှိတဲ့အချိန်​သူ့ကို​စောင့်​​ရှောက်​ထားတဲ့သူက သူမဖြစ်​​နေ​သေးတာပဲ _ဒါ​ကြောင့်​သူ့ရဲ့ဖန်​တီးမှုမှာမင်းကိုဝင်​မပါခိုင်းခဲ့တာ "

Asteroတဖြစ်​လဲမင်းခဦးဆိုသူသည်​သလင်း​ကျောက်​ကိုတလှည့်​ အ​ရှေ့မှလူနှစ်​ဦးအားတလှည့်​ကြည့်​ရင်းဖြင့်​ ပြုံးရိပ်​သန်း​နေသည့်​နှုတ်​ခမ်းပါးတို့ဖြင့်​​ဖြေ​လေသည်​...

ရုတ်​တရက်​တစ်​ခုခုအားခံစားမိသကဲ့သို့တုန်​တက်​သွားပြီး​နောက်​တွင်​​တော့ အ​ရှေ့မှလူနှစ်​​ယောက်​သည်​​ပျောက်​ကွယ်​လျက်​ ထိုလူနှစ်​​ယောက်​အစား ဆံပင်​ကိုခပ်​​ပြေ​ပြေချထားလျက်​ မျက်​ကပ်​မှန်​အကြည်​​ရောင်​ဖြင့်​ထိုသူသည်​မိမိကိုကြည့်​လျက်​ရှိ​နေသည်​..

ပါးမှ​နွေးခနဲခံစားရမှုအဆုံးတွင်​​တော့ ထိုသူကမိမိအားပြုံးပြ​လေသည်​..

" အိမ်​​ရောက်​ပြီ​လေ မထချင်​​သေးဘူးလား_ဒါမှမဟုတ်​ဒီ​ပေါ်မှာပဲဒီညအိပ်​ကြမလား_"

" ခင်​ ခင်​ဗျား ဘာ​တွေ လာ ​ပြော​နေတာလဲ??_"

မင်းခဦးထိုသူအားတွန်းထုတ်​ကာအိမ်​ထဲ​ပြေးဝင်​ရသည်​.....

" ဟဲ့ ဟဲ့..ဒါဘယ်​လိုဖြစ်​ရတာလဲ? _"

အခန်းထဲဝင်​ခါနီးရုတ်​တရက်​ကြားလိုက်​ရသည့်​အသံ​ကြောင့်​လှမ်း​နေဆဲ​ခြေလှမ်းတို့ပင်​​နောက်​ဆုတ်​ကုန်​၏...

Devil System(U+Z)Where stories live. Discover now