" ကိုကို​နောက်​ကျသွားတယ်​...​ဆောရီးကွာ!_"

" ကိုယ့်​အပြစ်​ကိုကိုယ်​သိတယ်​မလား?_"

ဝင်​လာလာချင်းခုံတွင်​မထိုင်​​သေးပဲ​တောင်းပန်​တတ်​သည့်​သူကမိမိချစ်​သည့်​မိမိအစ်​ကိုသာ..အမြဲအ​လျော့​ပေးတတ်​​သော်​လည်း တစ်​ခါတစ်​​လေဆိုရစ်​တတ်​သည့်​မိမိက အငြိမ်​မ​နေပဲစကား​ထောက်​လိုက်​ပြန်​သည်​...

" ဟက်​.​သေချာတာ​ပေါ့ _"

"သူက?? "

ဘေးမှသူအားမျက်​လုံးဖြင့်​ပြကာ​မေး​လေ​တော့..ပိုမို​တောက်​ပသွားပုံရသည့်​ကိုကို့မျက်​ဝန်းတို့က သိသာလွန်းလှသည်​..ငယ်​ငယ်​တည်းကမိမိသည်​အငယ်​ဖြစ်​​သော်​လည်းကိုကို့ကိုသာအ​လျော့​ပေးချင်​ခဲ့သည်​....အရိပ်​တကြည့်​ကြည့်​ဖြင့်​သာကြည့်​လာခဲ့ရသူမို့
ထိုသူ၏မျက်​ဝန်းထဲတွင်​မည်​သည့်​ပုံရိပ်​တို့ရှိသည်​ကအစခံစားမိ​လေသည်​...

" အန်​တီ​လေးဘုရားဖူးသွား​တော့ကိုကိုလဲသူ့အိမ်​မှာ​နေ​နေတာ အန်​တီ​လေးသူငယ်​ချင်းရဲ့သား​လေ နာမည်​ကမင်းခဦးတဲ့ _"

" ​တွေ့ရတာဝမ်းသာပါတယ်​ ဝင့်​ဝါပါ _"

" အာ..ဟုတ်​ကဲ့ "

ထိုသူနှင့်​​တွေ့လျင်​ခံစားရသည်​ကအားနာသည်​..ထို့ပြင်​နာကျည်းသည်
တစ်​ခုခုကိုအလိုမကျစွာရင်​ကလဲတဒိတ်​ဒိတ်​ဖြင့်​ခုန်​​နေပြန်​၏....
ဝင့်​ဝါနှုတ်​ဆက်​ပြီး​နောက်​​တော့မိမိ၏အာရုံအားကိုကို့ဆီကိုသာပို့ထားသည်​.....​သေချာ​ပေါက်​​ဘေးက​လူသည်​​တော့တည်​ငြိမ်​လျက်​​ပင်​...
မည်​သူမှသတိမထားမိခင်​တွင်​​တော့ လူတစ်​​ယောက်​၏အပြုံးကထင်း​နေ​လေသည်​...

.........................................

မင်းခဦးလမ်းတစ်​​လျောက်​လုံးအ​ရှေ့ကလူနှစ်​​ယောက်​ကိုမကြည့်​..
နားကြပ်​ကိုတပ်​လျက်​မျက်​လုံးပိတ်​ရင်းဖြင့်​သာလိုက်​လာလိုက်​သည်​..

အခုမှပြန်​​တွေ့သည့်​​မောင်​နှမနှစ်​​ယောက်​စကားဝိုင်းတွင်​မိမိသည်​ပါရန်​မသင့်​​တော်​​ချေ...

Devil System(U+Z)Where stories live. Discover now