ရှောင်းကျန့်က သူ့ကို ဂရုစိုက်တဲ့ကောင်လေးပဲ။ ကျောင်းမတက်ရသေးတဲ့သူ့အတွက် ကျောင်းက ချိုချဉ်ဝယ်လာပေးသည်။ သူပျော်သည်။ သူမကြိုက်တဲ့ စတော်ဘယ်ရီချိုချဉ်တွေဝယ်လာပြီး လီယို့အတွက် ချန်ခိုင်းသေးသည်။လီယို့အတွက် မကျန်အောင် အကုန်စားပစ်လိုက်သည်။ထိုနေ့ညက သူချောင်းဆိုးသည်။ ချိုချဉ်ခွံတွေ အများကြီးတွေ့သွားတဲ့မာမားက ချောင်းဆိုးပျောက်ဆေးတိုက်သည်။ ဆေးကြောက်တတ်တဲ့သူ ပျော်ပျော်ကြီးသောက်လိုက်သည်။

........................................................................

ထိုနေ့ညက
ရိပေါ်ငိုပါသည်။
ရှိုက်ကြီးတငင်ကို ငိုပါသည်။

ရှောင်းကျန့်ဘဝထဲကို ဒုတိယအနေနဲ့ဝင်ရောက်ရတဲ့အခါ မာမားကို ဘာလို့အိမ်စောစောမပြောင်းခဲ့တာလဲဟု အပြစ်တင်မိသေးသည်။ ဒါဟာ သူ့အတ္တပဲဖြစ်ပါမည်။

အမြဲလိုလို ဘောင်းဘီအနားတွေ ရေစိုနေတတ်တဲ့ ရှောင်းကျန့်ကို ငြိမ်ငြိမ်လေးထိုင်နေစေကာ ပန်းကန်ဆေးစရာရှိလျှင် သူပဲဆေးပေးပါမည်။ ဒါဟာ သူ့မေတ္တာပဲဖြစ်ပါသည်။

ရှောင်းကျန့်ကို စက်ဘီးပေါ် တင်မနင်းချင်တာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဆိုလျှင် ကယ်ရီယာခုံပေါ်ကနေ ရှောင်းကျန့်ကျောပြင်ငယ်ကို ငေးရတာ သူ့ရဲ့ မရိုးနိုင်တဲ့
ပျော်ရွှင်မှုဖြစ်ပါသည်။

ရှောင်းကျန့်ကို ဈေးသွားဝယ်ခိုင်းတာ သူရဲ့အနိုင်ကျင့်မှုဆိုလျှင် နောက်ကနေ တိတ်တိတ်လေး လိုက်ချောင်းတတ်သေးတာ သူရဲ့ လျှို့ဝှက်ချက်လေးဖြစ်ပါသည်။

စာမေးပွဲနီးမှ စာအသည်းအသန်လုပ်တတ်တာ သူရဲ့ မကောင်းတဲ့အကျင့်ဆိုပါက ရှောင်းကျန့်ရှေ့မှာ GradeA ယူပြဖို့ ကြိုးစားတာ သူရဲ့ ကောင်းတဲ့အကျင့်လေးဖြစ်ပါသည်။ သူရဲ့ တစ်ခုတည်းသော ကြွားဝါချင်တဲ့ အကျင့်လေးလည်းဖြစ်ပါသေးသည်။

ယခု ရှောင်းကျန့်က လီယိုနှင့်တွဲနေပါသည်တဲ့။ လီယို့ကို ရွေးလိုက်ပါသည်တဲ့။
ဒါဟာ တစ်ဘဝလုံးမှာ သူ အကြောက်ဆုံးအရာ။ သူ မလိုချင်ဆုံး အရာ.....။

အချိန်အတော်ကြာ မျက်ရည်တွေသွန်ချကာအလေးအနက်စဉ်းစားပြီးတဲ့နောက်မှာ
ရှောင်းကျန့်ရွေးချယ်မှုဟာ တစ်ဘဝလုံးစာအတွက် မဟုတ်သရွေ့သူ့အတွက် အခွင့်အရေးရှိသေးသည်ဟု မှတ်ယူပါသည်။
ဒါဟာ ရှောင်းကျန့် အပေါ်ထားတဲ့ သူ့ရဲ့
မျှော်လင့်ချက်သေးသေးလေးပဲဖြစ်ပါသည်။

သူဟာ ရှောင်းကျန့် ဝယ်ပေးတဲ့
ဒူးရင်းရေခဲမုန့် တွေကို သိပ်ကြိုက်ပါသည်။
သူဟာ ရှောင်းကျန့်စီးတဲ့ စက်ဘီးပေါ်မှာ
ငြိမ်ငြိမ်လေး ထိုင်လိုက်ချင်ပါသည်။
သူဟာ ရှောင်းကျန့်ကို
လက်လွှတ်မပေးနိုင်လောက်အောင်ထိ
နင့်နင့်သည်းသည်း ချစ်ပါသည်။
သူဟာ ရှောင်းကျန့်ပြောတဲ့ သိပ်ဆိုးတဲ့ကောင်လေးသာ ဖြစ်ပါသည်။

By Fair Means or Foul || Completed ||Where stories live. Discover now