"ငါလော့ကျန်းပေ့နဲ့ ကစားချင်တယ်ပေါ့" လော့ကျန်းပေ့ရဲ့မျက်နှာကို ဒီချိန်မှာတစ်ယောက်ယောက်သာတွေ့ရင် ကြောက်ရွံ့မိသွားမှာ အမှန်ပေ၊ချောမောခန့်ညားသည့်မျက်နှာအမူအရာဟာ တစ်စုံတစ်ယောက်ကို ပြင်းထန်စွာသတ်ဖြတ်လိုခြင်းမှာ ဖုံးလွှမ်းနေတာကြောင့် ဖြစ်သည်။

-------------------

တစ်ဖက်ကျောင်းမှာတော့ လီကုန်းရွှေဟာ သက်သောင့်သက်သာဖြင့် ထိုင်နေပြီး သူရှေ့က အတွဲဖြစ်တဲ့ ရှအန်းထျန်းနဲ့ထန်းဟော်ရှကို တစ်ချက်စွေကြည့်လိုက်သည်။

"မင်းတို့ အပြုအမူကို ထိန်းသိမ်းလို့မရဘူးလား" လို့ ပြောလိုက်ချိန်မှာ အတင်းရုန်းကန်နေသည့်ထန်းဟော်ရှဟာ ရပ်တန့်သွားပြီး အလွန်တရာဒေါသထွက်နေသည့်အသံဖြင့် လီကုန်းရွှေကို ကြည့်လိုက်ပြီး

"ခင်ဗျား ကန်းနေတာလား! ခင်ဗျား သူငယ်ချင်းက လိုက်နှောင့်ယှက်နေတာလေ"လို့ အော်လည်းပြော၊သူရဲ့ခါးမှာဖက်တွယ်ထားသည့်လက်တွေကိုလည်း ဖြုတ်ချနေတော့သည်။

ငါလာမိတာ အမှား၊ပြောတော့ဖြင့် အရေးကြီးကိစ္စရှိလို့ ကျောင်းကောင်စီရုံးခန်းကို အခုချက်ချင်းလာပါဆိုပြီး အခုတော့ ဘာမှလည်းမဟုတ်ဘူး!

"ရှအန်းထျန် လွှတ်လို့ ပြောနေတယ်" သူရဲ့ဂုတ်ဟာ ပူခနဲဖြစ်သွားတာကြောင့် သူရဲ့နားများပင် ရဲတက်သွားတော့သည်။ဒီလူ! နည်းနည်းလေးတောင် အရှက်မရှိပါလား၊ရှေ့မှာ လီကုန်းရွှေတစ်ယောက်လုံးရှိနေတာတောင် သူ့ရဲ့အသားကို ထိရဲတယ်၊ တကယ် မကောင်းတဲ့လူ!

"ငါသွားတော့မယ်" လီကုန်းရွှေ ဖုန်းလာတာကြောင့် မတ်တပ်ထရပ်လိုက်ပြီး ရှအန်းထျန်းကို ပြောလိုက်သည်။ထိုနောက် သူအပြင်မထွက်ခင်မှာ သူကလှည့်ကြည့်လိုက်ပြီး

"သူက အသက်မပြည့်သေးဘူး မင်းနည်းနည်းဆင်ခြင်ပေါ့" လို့ ပြောကာ ထွက်သွားတော့သည်။

လီကုန်းရွှေထွက်သွားသည့်အခါမှာတော့ ရှအန်းထျန်းဟာ ထန်းဟော်ရှရဲ့ကိုယ်လေးကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး သူရဲ့မေးကို ထန်းဟော်ရှပခုံးပေါ် မှီတင်ထားလိုက်သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now