"ခင်ဗျားပြောစရာရှိတာ ပြောလို့ရတယ် ငါက လော့အိမ်တော်ကို ကိုယ်စားပြုတယ်" လော့ရှန်ဟွာ ပြောလိုက်ပြီးနောက် ဒေါသကြောင့် တင်းမာနေသည့်ကျန်းလင်းရှကို ပြုံးပြလိုက်သည်။

"မင်းနဲ့ပြောစရာအကြောင်းမရှိဘူး" ကျန်းလင်းရှအနေနဲ့ စီနီယာလော့နဲ့သာ တွေ့ချင်သည်။စီနီယာလော့ကို သူပြောစရာရှိတယ်၊အဲ့သတင်းကလည်း စီနီယာလော့အတွက် အကျုံးဝင်လိမ့်မည်၊ဒါပေမယ့် သူနဲ့စီနီယာလော့ကြားကို လာနှောင့်ယှက်နေသည့် လော့ရှန်ဟွာကိုတော့ သူကောင်းကောင်းမဆက်ဆံနိုင်ပေ၊

"အဲ့ဆို လစ်လိုက်တော့"လော့ရှန်ဟွာဟာ ကျန်းလင်းရှရဲ့မျက်ဝန်းထဲက အကြံများကိုသဘောပေါက်သည့်နှယ် သူဟာ ကျန်းလင်းရှနားသွားကာ မောင်းထုတ်လိုက်သည်။

"ဘာ!" ဒီကောင် လော့ရှန်ဟွာ! ငါ့ကို ခွေးမောင်းထုတ်သလို မောင်းထုတ်ရဲတယ်! ကျန်းလင်းရှ ဒေါသထွက်သွားပြီး လော့ရှန်ဟွာကို တွန်းထုတ်ပစ်လိုက်တယ်၊လော့ရှန်ဟွာဟာ ကျန်းလင်းရှလုပ်ရပ်ကို သိတာကြောင့် တမင်ပင် မြေပြင်ပေါ် ဖင်ထိုင်ကျပေးလိုက်သည်၊

"အဲ့ကောင်ကို မောင်းထုတ်လိုက်" ကားထဲကနေ လော့ကျန်းပေ့ဟာ ထွက်လာပြီး မြေပြင်ပေါ်လဲကျသွားသည့်လော့ရှန်ဟွာကို ပွေ့ချီရင်း ကျန်းလင်းရှဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့ရဲ့ဒရိုင်ဘာကို နှင်ထုတ်ခိုင်းလိုက်သည်။

"စီနီယာလော့! ကျွန်တော် ပြောစရာရှိလို့ပါ အချိန်ခဏပေးပါ " ကျန်းလင်းရှဟာ ခေါင်းမာစွာဖြင့် လော့ကျန်းပေ့ကို လှမ်းပြောပေမယ့် လော့ကျန်းပေ့ဟာ အရေးမစိုက်သည့်ပုံစံဖြင့် ကားတံခါးဖွင့်ကာ ဝင်ရန်လုပ်နေသည်ကို မြင်တော့ သူဟာ ဆက်အော်ပြောတော့တယ်၊

"ဒါ FAI HUI စီမံကိန်းကိစ္စနဲ့ပတ်သတ်နေတယ်" သူနောက်ဆုံး မနေနိုင်စွာ ပြောလိုက်ချိန်မှာ လော့ကျန်းပေ့ဟာ ရပ်တန့်သွားတော့သည်။လော့ရှန်ဟွာလည်း ကျန်းလင်းရှကို ကြည့်လိုက်ပေမယ့် သူရဲ့ရင်ဘက်အင်္ကျီကို တင်းကြပ်စွာဆုပ်ကိုင်လာသည့် လက်လေးတွေကြောင့် သူဟာ ကျန်းလင်းရှကို အရေးမစိုက်သည့်ပုံစံဖြင့် ကားထဲကို ဝင်သွားတော့သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now