Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)

Start from the beginning
                                    

"ဒယ်ဒီ ဘာရပ်လုပ်နေတာလဲဟင်..."လော့ရှန်ဟွာ သူ့ဒယ်ဒီရဲ့လက်မောင်းကို သူရဲ့လက်လေးနှစ်ဖက်နဲ့ဖက်တွယ်ရင်း ရှေ့ရှိလူများကို မမြင်သလိုဖြင့် သူ့ဒယ်ဒီကိုသာ မော့ကြည့်ရင်း မေးလိုက်သည်။

"ဘာမှမလုပ်ဘူး ဒယ်ဒီတို့ သွားရအောင်" လို့ လော့ကျန်းပေ့ဟာ သူ့ကလေးငယ်ရဲ့ ရဲနေသည့်နှုတ်ခမ်းထွေးလေးကို ကြည့်ရင်းပြောလိုက်သည်။ထိုနောက် သူဟာ သူရှေ့က လာရှုပ်တဲ့သူတွေကို တစ်ချက်သာကြည့်ရင်း လော့ရှန်ဟွာကို ခေါ်ကာ ထွက်သွားတော့သည်။ဒါပေမယ့် တံခါးအဝင်ဝမှာ စစ်အိမ်တော်သခင်ကြီးနဲ့သခင်မကြီးသာမက ကျန်းအိမ်တော်က ကျန်းယုဝေမိဘနှစ်ပါးနဲ့တိုးတော့သည်။သူတို့ဟာလည်း လော့ကျန်းပေ့ကို မြင်တော့ အံ့အားသင့်သွားပေမယ့် နှုတ်ဆက်လိုက်သည်။

"တူလေးလော့က ညနေစာ လာစားတာလား"ကျန်းယုဝေအဖေဟာ စပြောလာတာကြောင့်လော့ကျန်းပေ့ဟာ ခေါင်းတစ်ချက်သာ ညိတ်လိုက်သည်။လော့ကျန်းပေ့အပြုအမူဟာ သူ့ရှေ့ကလူတွေကို ဂရုမစိုက်သည်ဟာ သိသာလွန်းလှသည်။ဒါပေမယ့် ထိုလူတွေဟာလည်း အနည်းငယ်ဒေါသထွက်သွားပေမယ့် သူတို့ရဲ့အပြုအမူကို အတတ်နိုင်ဆုံးပြုံးထားတော့သည်၊

မဒမ်စစ်ဟာ လော့ကျန်းပေ့ကနေ လော့ရှန်ဟွာဘက်ကို ကြည့်လိုက်ပြီး သူမဟာ သဘောကောင်းသည့်အမူအရာဖြင့်

"ဒါ လော့သခင်လေးရဲ့သားလေးမလား " လို့ ပြောလိုက်ပြီး အနောက်မှာရပ်နေသည့် ကျန်းလင်းရှနဲ့ လော့ရှန်ဟွာဝတ်ထားသည့်ကျောင်းဝတ်စုံဟာ တူညီနေသည်ကို မြင်တော့ သူမဟာ မျက်ခုံးတစ်ချက်ပင့်သွားတော့သည်။

"ဒီက လူငယ်လေးနဲ့ ရှအာက ကျောင်းတူနေတာလား" လို့ မဒမ်စစ်က မေးလိုက်တော့ ကျန်းလင်းရှဟာ အနားရောက်လာပြီး သူဟာ လိမ္မာယဉ်ကျေးသည့်လူငယ်လေးလို ပြုမူလိုက်သည်။

"ဟုတ်တယ် အန်တီရုံ" မဒမ်စစ်ရဲ့နာမည်ဟာ မုယင်ရုံဖြစ်ပြီး စစ်ဟိုက်ကျွင်းနဲ့အိမ်ထောင်ပြုပြီးနောက်မှာတော့ သူမရဲ့နာမည်ကို စစ်ယင်ရုံဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

"ဒါဆို မင်းတို့က နှစ်ပါတူလား"

"လော့ရှန်ဟွာက ဒုတိယနှစ်ကျောင်းသားပါ ကျွန်တော်က နောက်ဆုံးနှစ်ကျောင်းသားပါ အန်တီရုံ"လို့ ကျန်းလင်းရှဟာ ယဉ်ကျေးကာသိမ်မွေ့ပြီးချိုသာသည့်အသံဖြင့်ဖြေလိုက်တယ်၊သူဟာ တစ်ချက်တစ်ချက် လော့ကျန်းပေ့ဆီမသိမသာရသွားပေမယ့် သူရဲ့အပြုအမူကိုတော့ ဆင်ခြင်နေတော့သည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now