|| 36 ||

110K 9.2K 2.3K
                                    

Unicode

Leo လေးက ဘေဘီ့ခေါင်းကို သူ့လက်​သေး​သေးလေးနှစ်ဖက်နဲ့ ကလေးတွေခေါင်းကိုပုတ်ပေးသလိုလာလာပုတ်ပေးနေတာမို့ ဘုန်းဘေဘီ သဘောတကြပင် ရယ်မိသွားတယ်။

" ဘေဘီက ကလေးလား Leo လေးရဲ့ "

နှစ်ယောက်လုံးက အသားဖြူတဲ့အပြင် ဆေးရုံ Uniform အပြာရောင်လေးတွေနဲ့မို့ ဆင်တူ ပုံစံမျိုးလေး ဖြစ်နေသည်။

" အင်း တားရဲ့ က​ယေးယေး ရုပ် ဘေဘီ "

သူ့မျက်လုံးတွေကို စိုက်ကြည့်ကာပြောလာသူကြောင့် ဘုန်းဘေဘီ လည်း Leo လေး ကိုပြန်စိုက်ကြည့်ပေးလိုက်တော့ ပါးချိုင့်ကြီးတွေပေါ်သည်ထိပင်ပြုံးပြလာသောကြီးမြတ်ကုဋေချီ။

" ဘေဘီက "

" အင်း "

" Leo ကလေးလေး လုပ်ရမှာလား "

" အင်းယေ တားက ဘေဘီ့ကို မုန့်ယွေအညားဂျီး ကျွေးယယ် လိုဂျင်ချာယွေယဲ ဝယ်ယေးညယ် "

ရင်ခွင်ထဲ က ကလေးလေး ကိုသာ ဘုန်းဘေဘီ အသာဖက်ထားမိသည်။

" မေ့သွားမှာ "

" ဟမ် ဘာကျောတာယဲ ဘေဘီ "

" ကြီးလာရင် ဘေဘီ့ကို Leo လေးက မေ့သွားမှာ "

ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို ဘုန်းဘေဘီ အပိုင်လိုချင်ပေမယ့် အရွယ်ရောက်လာတဲ့ အချိန်ကြရင် Leo လေးက သူ့ကို ပစ်ပြီး တခြားသူတွေနဲ့ ပျော်နေမှာကို တွေးမိတယ် ။

" လူဂျိုး လုံးလုံး လူဂျိုး  တားက ယောက်ဂျားပါဂျ လုံးဘေယီရ ကယိတည်ပါယယ် "

" လူဆိုးလေးက Leo ပါနော် စစတွေ့တုန်းက ဘေဘီ့နဲ့မလိုက်ချင်ဘူးလို့ ပြောတာဘယ်သူလဲ"

" အာ အဲ့ယာ လုံးဘေယီက ချစ်ရို့ကောင်းရို့ယေ "

" ချစ်ဖို့ကောင်းရင် လိုက်ရမယ် မဟုတ်ဘူးလား ကြီးမြတ်ကုဋေချီ "

" အင်းအင်း နောက်တစ်ချာ ဘေဘီချော်ရင် ငြင်းရော့ဝူးရော် ချိတ်မချိုးနဲ့ "

ပြောလည်း ပြော လက်ကလည်း ဘုန်းဘေဘီလည်တိုင်ကအင်္ကျီကြယ်သီးကိုဆွဲဖြုတ်လာတယ်။

My Impressive HusbandOnde histórias criam vida. Descubra agora