"အခုလို ကလေးကို စောင့်ရှောက်ပေးထားတဲ့အတွက်ကျေးဇူးပါ အမ"

"Baekhyun... "

"ဒီက ဘယ်သူလဲ မသိဘူး။ "

သူမလက်ထဲက ကလေးကို Baekhyunလက်လွဲ ယူလိုက်သည်။ Sehun ကို မေးမြန်သလိုနှင့် Baekhyun ကို ကြည့်နေသည့် ထိုအမျိုးသမီး။

"ကျွန်တော့် သူငယ်ချင်းပါ.."

"အော်..ကလေးအဖေ ဆိုတာလား။အေးပေါ့လေ ဒီလောက် ငယ်ငယ်လေးနဲ့ ကလေးအဖေဖြစ်မှ တော့ ကလေးကိုဘယ်စောင့်ရှောက်နိုင်ပါ့မလဲ။ ကလေးအစားရင်လေးတယ်ကွယ်။"

"အခုလို စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့တစ်ခုသိထားဖို့က ကျွန်တော့်ရဲ့ ကလေးကို ကျွန်တော်ကောင်းကောင်းစောင့်ရှောက်နိုင်တယ်။ ဒီက အမက အချိန်ကုန်ခံပြီးစိတ်ပူပေးစရာမလိုဘူး"

"Baekhyun မင်းဘယ်လိုပြောလိုက်တာလဲ စီနီယာကိုအားနာစရာကြီး"

Bh pov: အခုငါ့ကို သူစိမ်းမိန်းမရှေ့မှာ အော်လိုက်တာလား။ မင်းငါ့ကိုအော်လိုက်တာလား Oh Sehun။

"ရိုင်းလိုက်တာကွယ်၊ဘယ်လို အသိုင်းအဝိုင်းက များဆင်းသက်လာလဲ မသိဘူး။ Sehun အမစေသနာနဲ့ သတိပေးလိုက်မယ် အဲ့လို အဆင့်အတန်းမရှိတဲ့ သူမျိုးတွေနဲ့ မပေါင်းစမ်းပါနဲ့ ကိုယ်ပါရောပြီး သိက္ခာကျ တယ်"

"မဟုတ်ဘူး..စီနီယာ..Baekhyun က"

Baekhyun ကတော့ ထိုအမျိုးသမီး မျက်နှာကိုသာစေ့စေ့ကြည့်နေခဲ့သည်။ ထပ်ပြောမယ်ဟန်ပြင်တုံးSehun ကကြားဝင်ဖြေရှင်းပေးသည်။ သူမကို အရမ်းတွေ ပစားပေးနေသည့် Sehun ကြောင့် Baekhyun ပြောရမဲ့စကားတို့ပင် လည်ချောင်းဝထဲမှာတင်တစ်ဆို့ကုန်
သည်။ ဒီအဖြစ်အပျက်ကို အစအဆုံးကြည့်နေသည့် KaungSoo ကမခံနိုင်တော့သည့်အဆုံး ဝင်ပြောတော့သည်။

"ဟက်..အခုအဆင့်အတန်းလို့ပြောလိုက်တာလား အဒေါ်ကြီး။"

"ဘာ..အ အဒေါ်ကြီး မင်း...မင်း"

"KaungSoo.. !!"

"မင်းပါးစပ် ပိတ်ထား Sehun၊ ငါပြောလို့မပြီးသေးဘူး။ ဒီမှာ အဒေါ်ကြီး အဆင့်အတန်းအကြောင်းပြောချင်ရင် Baekhyun ရဲ့မျိုးရိုးနာမည်ကိုအရင်မေးသင့်တယ်မဟုတ်ဘူးလား။ သခင်လေး Byun Baekhyun အကြောင်းကိုမကြားဖူးဘူးထင်တယ်။"

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now