"ဘာလုပ်ဖို့လဲ မောင်"

"လိမ်းပေးမယ်လေ  အချစ်ဆုံး အကျီမထား"

မောင်က ကျွန်တော့်ရဲ့ဗိုက်လေးကို lotion လေးတွေလိမ်းပေးနေတယ် နူးနူးညံ့ညံ့လေးမှ တကယ့်ကိုနူးနူးညံ့ညံ့လေးLotion ကအရင်ထဲကလိမ်းနေကျဆိုတော့ အခုဆိုပိုတောင်လိမ်းဖြစ်သေးတယ်

"အချစ်ဆုံးအခုဗိုက်လေးထွက်လာပြီဆိုတော့နောက်ဆိုမောင်ဘဲလိမ်းပေးမယ် ဟုတ်ပြီလား"

"အွန်း"

ဗိုက်ကိုလိမ်းပေးပြီးတော့ ကြမ်းပြင်ပေါ်ဒူးထောက်လ်ိုက်ပြီးပေါင်တစ်လျှောက် ညင်ညင်သာသာနဲ့လိမ်းပေးနေတဲ့သူ။

"အဲ့လောက်တောင်ချစ်လား"

"အွန်း အဲ့လောက်ဆိုတာထက်အများကြီးပိုချစ်တာမောင့်အချစ်ဆုံးလေးကို"

မောင့်ရဲ့ဆံနွယ်တွေကို ဖွလိုက်တော့ မောင်က ဆံပင်တွေကိုဆော့နေတဲ့လက်လေးကိုပြန်ဆုပ်ကိုင်လ်ိုက်ပြီး နမ်းလာတယ်

"အချစ်ဆုံး ဘယ်သွားချင်လဲ အိမ်ထဲမှာဘဲအောင်းနေတာမပျင်းဘူးလား"

ဗိုက်လေးဆူထဲက အချစ်ဆုံးကရှက်လို့ဆိုကာ အိမ်အပြင်မထွက် ကျွန်တော်ဘဲ စျေးဝယ် အစအဆုံး ကျွန်တော်သာလုပ်ပေးရသည်။ မငြိုငြင်နိုင်ပါဘူး ချစ်တာကိုး။

"မသွားချင်ဘူး ထယ့်ကိုဝိုင်းကြည့်ကြလိမ့်မယ်"

"မောင့်ရဲ့အချစ်ဆုံးလေးကိုကြည့်ရဲကြည့်ကြည့်ပါလားမောင်နဲ့တွေ့သွားမှာပေါ့"

လက်ဟန်ခြေဟန်နဲ့ပြန်ချမယ်ပေါ့ဆိုတဲ့ပုံစံလုပ်ပြနေတဲ့မောင်

"ခ်ခ် မောင်ကအရမ်းရီရတာဘဲ"

"ခရီးသွားချင်လား နီးနီးနားနားလေ အပန်းဖြေရအောင်ပေါ့"

"အင်း ကမ်းခြေတော့သွားချင်တာ ဒါမဲ့နီးပါ့မလား"

"မောင်စုံစမ်းလိုက်မယ်နော် အချစ်ဆုံး"

"အင်း မောင် အခုတော့ထယ်ဗိုက်ဆာတယ် တစ်ခုခုလုပ်ပေး"

"အမိန့်အတိုင်းပါဗျ"

ကျွန့်တော့်ရဲ့ဗိုက်ပူလေးက စတော်ဘယ်ရီအရင်ထဲက
ကြိုက်တာ အခုဆိုပိုလို့တောင်ကြိုက်သေး။ နေ့တိုင်းကိုစားတာ သူစတော်ဘယ်ရီမစားတဲ့နေ့မရှိသလောက်ဘဲ။ ဗိုက်ထဲက အသေးလေးကလည်း သူ့ပါပါးနဲ့တော်တော်တူမဲ့ပုံဘဲ။

Sugar Baby[Completed]Where stories live. Discover now