Chapter《71 and 72》

Mulai dari awal
                                    

သူမကတော့ ကျင်းယွမ်နဲ့သာ ကြီးပြင်းခဲ့သည်။

သေချာပေါက် ပထမဆုံး ခံစားချက်ကို ကျင်းယွမ်အပေါ်ပဲ ပစ်မှတ်ထားမိမှာပဲလေ.... အခုအရာအားလုံး ပွင့်ထွက်ကုန်တဲ့အချိန်မှာ သူ့အပေါ် သူမရဲ့ ခံစားချက်က အချစ်မဟုတ်ဘူး ဆိုတာကို သိလိုက်ရသည်။ 

ဒါဆို တကယ်ပဲ အချစ်ဆိုတာဘာလဲ?

ထျန်းယောင်က သူမနဲ့ လက်ဆွဲနှုတ်ဆက်ပြီးရင် သူ့လက်ကို ရက်သတ္တပတ်ကြာအောင်ထိ ဆေးကြောရန် ငြင်းဆန်လိမ့်မည်ဟု ကျင်းယွမ်က ပြောခဲ့သည်။ ဒါက ချဲ့ကားပြောသလို ဖြစ်နေပေမယ့် အရင်တစ်ခေါက် သူမနဲ့ ထျန်းယောင်တို့ တွေ့တဲ့ နှစ်ကြိမ်လုံးမှာ သူ့လက်တွေကို သူမ အထူးဂရုစိုက်ကြည့်ခဲ့သည်။

လက်ဆွဲနှုတ်ဆက်ပြီးတိုင်း သူကအဲ့ဒီလက်ကို သူ့နောက်မှာ ဝှက်ထားပြီး လက်သီးနဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်လေ။ တစ်ခုခုကို ထိန်းသိမ်းထားဖို့ ကြိုးစားနေသလိုမျိုး၊ ဒီလိုခံစားချက်မျိုး သူမ တစ်ခါမှ မခံစားဖူးဘူး။ တကယ်ပဲ ဘယ်လို ခံစားချက်မျိုးကများ ကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်ကို ဒီလိုသတိလက်လွတ်နဲ့ လုပ်မိစေနိုင်တာလဲ?

သူမ နားမလည်ဘူး

"ချန်မိသားစုရဲ့ အမွေဆက်ခံသူက သိပ်မဆိုးဘူး, မိသားစု နောက်ခံပဲဖြစ်ဖြစ် အကျင့်စာရိတ္တမှာပဲဖြစ်ဖြစ်" ဖုရဲန်က မှတ်ချက်ချသည်။

"ဒါပေမဲ့ ရွှယ်ချင်း, သမီးသိရမှာက ဒီကမ္ဘာပေါ်မှာ ရုပ်ချောပြီး အရည်အချင်းရှိတဲ့ ယောက်ျားတွေ မရေမတွက်နိုင်အောင် အများကြီးရှိတယ် ဆိုတာပဲ, ဒီမြို့ထဲမှာတောင် အများကြီးပဲ, ဒါပေမဲ့ တစ်လင်တစ်မယားစနစ်ဆိုတာ ကျင့်ဝတ်အရှိဆုံး ရွေးချယ်မှုပဲ, သမီးရဲ့ နှစ်သက်မှုတွေကို မယိမ်းယိုင်စေနဲ့, သမီးက ကျင်းယွမ်ကို ရွေးချယ်လိုက်ပြီဆိုတော့ တာဝန်ယူမှုရှိရမယ်, သမီးရဲ့ ရွေးချယ်မှုအရ ဟန်ဟန်နဲ့ သမီးရဲ့ စေ့စပ်ပွဲအတွက် ငါတို့ကျင်းယွမ်ကို အများကြီး အကြွေးတင်နေပြီ"

စိတ်ထဲမှာတော့ ရွှယ်ချင်းက မျက်လုံးသာ လှန်နေမိသည်။

သူ့ကို အကြွေးတင်တယ်? ငါ့ရဲ့ချစ်အဖေရယ်, မကြာခင် သူက သမီးတို့ဆီက ဘယ်လောက်တောင် အခွင့်အရေးယူထားလဲ သိလာပါလိမ့်မယ်

(Completed) Reborn as a good childTempat cerita menjadi hidup. Temukan sekarang