Chapter《71 and 72》

Start from the beginning
                                    

"အမှန်ပဲ" ရွှယ်ချင်းက လေးလေးနက်နက် သဘောတူသည်။

"သူကအရမ်းကို အရေခွံပါးတယ်"

အဲ့ဒါမှ သူဒီခေါင်းစဉ်အတိုင်း ဆက်သွားပြီး ငါ့မောင်လေးကို ဆက်ပြီး ဖမ်းဆုပ်ထားနိုင်ဖို့ လူအားလုံးကို စည်းရုံးဆွဲဆောင်နိုင်မှာလေ! အကယ်၍ ရိဟန်သာ သူ့ကို သဘောမကျဘူးဆိုရင် အခုချိန်မှာ သူ့သွားတွေအကုန်လုံးကို ဆွဲချိုးပစ်လိုက်ပြီ, ခွေးကောင်!

"ဟုတ်သား, နောက်တစ်ခုရှိသေးတယ်, တစ်စုံတစ်ယောက်က ဖုန်းချွင်ကို ဖြေရှင်းလိုက်တယ်" ယန်ကပြောလာသည်

"ဘယ်သူလဲ?" ရွှယ်ချင်းက မေးလိုက်ပြီး သူမရဲ့ အသံထဲမှာ ပြင်းပြတဲ့ သိချင်စိတ်များ ပါဝင်နေသည်။

"ညီမက ကိုယ့်ဘာသာကိုယ် လုပ်ချင်တာကို ဒီရက်အတွင်းက နည်းနည်းအလုပ်ရှုပ်နေလို့ အချိန်မရှိဖြစ်သွားတယ်"

ယန်က သူမကို ထူးဆန်းတဲ့အကြည့်နဲ့ အချိန်အတော်လေး ကြာတဲ့အထိ စိုက်ကြည့်နေသည်။

"ချန်ထျန်းယောင်" သူကပြန်ဖြေပေးလိုက်၏။

"ချန်ထျန်းယောင်?" ရွှယ်ချင်းက ထိတ်လန့်သွားမိသည်။

"ဘာလို့သူက အဲ့ဒီလိုလုပ်ရတာလဲ? ဖုန်းချွင်က သူ့ကိုရော တစ်ခုခုလုပ်ထားသေးလို့လား?"

ယန်က လည်ချောင်းတစ်ချက် ရှင်းသည်။

"အဲ့ဒါ နင့်ကြောင့်ဖြစ်လိမ့်မယ်" သူက သူ့ရဲ့ ငတုံးညီမလေးအား ပြောလိုက်သည်။
"သူနင့်အပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ ဒီကမ္ဘာပေါ်က လူတိုင်းသိတယ်"

သူမက မိန်းကလေး မဆန်စွာဖြင့် သူမရဲ့ မျက်နှာအား ကုတ်ခြစ်လေ၏။

"အဲ့ဒါက ညီမနဲ့ ဘာပတ်သတ်နေလို့လဲ?" သူမက ခြောက်ကပ်ကပ်ဖြင့် အနေခက်နေသော အပြုံးဖြင့်ပြန်မေးလေသည်။

"ဖုန်းချွင်က တစ်ချိန်တုန်းက သူ့ကိုဒေါသထွက်အောင်ဖြစ်ဖြစ် စိတ်တိုအောင်ဖြစ်ဖြစ် လုပ်ခဲ့လို့ ဖြစ်မှာပေါ့?"

ရိုးရိုးသားသားပြောရရင် ထျန်းယောင်က သူမအပေါ်မှာ အတော်လေး ကောင်းတဲ့ ထင်မြင်ချက်ကို ပြုလုပ်နိုင်သည်။ သူက အလွန်ဆွဲဆောင်မှုရှိပြီး အကျင့်စာရိတ္တလည်းကောင်းသလို စွမ်းဆောင်နိုင်စွမ်းလည်းရှိသည်။

(Completed) Reborn as a good childWhere stories live. Discover now