(၁၅)ဇာတ်သိမ်းပိုင်း

3.8K 399 183
                                    

( ဟုတ်ပါတယ် double updated ပါ😉 )

Unicode

Jungkookသည် Kimစံအိမ်တော်နှင်​့ အနီးဆုံးဖြတ်လမ်းဖြစ်သည့် တောလမ်းအတိုင်း ပြေးလျက်ရှိ​ေလသည်။ ပြေးရင်းကပင် သူသည် အရင်Jungkookဘဝသို့ တစိမ့်စိမ့်ပြန်ရောက်လာသည်။ ဟောဒီလို ပြေးခဲ့ဖူးတာ၊ ဟောဒီလမ်းအတိုင်း Kimစံအိမ်တော်ကို ခိုးကြောင်ခိုးဝှက် သွားခဲ့ကြတာ...။

"ကိုကိုJimin...ညက ထင်းရှူးပင်အောက်မှာ ဆင်းထိုင်နေတာ...အခု အဖျားဝင်ပြီး အသည်းအသန် ဖြစ်နေတယ်"

ဟု Kimစံအိမ်တော်က ကောင်မလေး လာအကြောင်းကြားကတည်းက သူက ဒေါ်ကြီးMinကိုပင် မစောင့်နိုင်ပဲ သွေးရူးသွေးတန်း ပြေးထွက်လာခဲ့တာဖြစ်သည်။ သူဟာ ကားပိုင်ရှိသော သူဋ္ဌေးတစ်ယောက်ဆိုတာကိုပင် မေ့လျော့သွားခဲ့ရသည်။ အဲ့ဒီအခိုက်မှာ သူ့စိတ်ဟာ ငယ်ဘဝက Jungkookဖြစ်နေပြီး သတိလက်လွတ် ​ပြေးထွက်လာသည်။

သူရောက်ရှိလာချိန်တွင် Jiminက အိပ်ရာထက်မှာ မောဟိုက်စွာ လဲလျောင်းလျက်ရှိသည်။ Jungkookက Jiminအနီးသို့ တရွေ့ရွေ့လျှောက်သွားသည်။ သူသည် Jiminမျက်နှာကိုငုံ့ကြည့်ရင်း ပြင်းထန်စွာ တုန်လှုပ်လာသည်။ Jimin ဒီလိုဖြစ်နေခြင်းက သူ့ကို ဒဏ်ခတ်တာနဲ့ တူပါသည်။ Jiminမျက်လုံးတွေ ပွင့်ဟလာသည်။

"Jungkook...Jungkookလားဟင်"

"ဟုတ်...ဟုတ်တယ်၊ ငါပါ..."

Jiminက သူ့ဆီ လက်ကမ်းလာတော့ သူက ကယောင်ကတမ်း ဖမ်းဆုပ်လိုက်သည်။

"မင်း...အရင်က Jungkookလား...အခု Jungkookလားဟင်"

"အရင်က Jungkookပါ..."

"ငါ...ငါ ပျော်လိုက်တာ Jungkookရယ်၊ ငါ ငယ်ငယ်တုန်းက Jungkookနဲ့ တွေ့ချင်သေးလို့ စောင့်နေခဲ့တာ..."

Jiminက အသက်ကို ကြိုးစားပမ်းစားရှူရင်း...

"Jungkookရေ...ငါတို့တွေဟာ ကိုယ့်ကိုကိုယ် သစ္စာမရှိခဲ့ကြဘူးနော်၊ တစ်ကယ့်အစစ်အမှန်တွေကို လိမ်ညာဖုံးကွယ်ခဲ့ကြတယ်၊ အဲ့ဒီမရိုးမဖြောင့်မှုတွေအတွက် ငါတို့တစ်သက်လုံး စစ်မှန်တဲ့ ပျော်ရွှင်မှုကို မရခဲ့ကြဘူး...၊ ငါတို့ဟာ ကိုယ့်ကိုကိုယ် လိမ်ညာနေသရွေ့ ဒုက္ခရောက်နေခဲ့ကြရတယ်"

ကြိုးကြာတို့...မြေခခဲ့ရင် (ကြိုးကြာတို့ မြေခခဲ့ရင်)//CompletedKde žijí příběhy. Začni objevovat