မကြာခင် သူမနဲ့ဝူချွင်ထွက်ခွာသွားသည်။

သိသာစွာကိုပဲ ဒီမမျှော်လင့်ထားတဲ့တွေ့ဆုံမှုကို ကျင်ရွှင်က သိပ်ပြီးဂရုမစိုက်နေပေ။ သူနဲ့ရှန်ရိကျင်းက ကဖေးမှာ 5:30အထိ ထိုင်နေခဲ့ပြီး ညစာအတွက်နေရာကိုတောင် တူတူရွေးလိုက်ကြသေးသည်။

အချိန်ကျခါနီးပြီဆိုတာကိုမြင်တော့ သူတို့ထကာ ဘေလ်ရှင်းလိုက်ပြီး ထွက်ခွာလိုက်သည်။

ကဖေးက ကျောင်းဂိတ်ဝရဲ့မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်သည်။ ကျင်ရွှင်သွားရမယ့် ကျောင်းအဆောက်အဦးက ဂိတ်ဝနဲ့သိပ်မဝေးဘဲ ငါးမိနစ်လောက်သာလျှောက်သွားရသည်။

ဒါကြောင့် အစာခြေဖျက်ရန်အတွက် ကျင်ရွှင်က အကြံပြုလိုက်သည် : “ ရှဲန်းရှန် ကျွန်တော်ကိုယ့်ဘာသာသွားလိုက်ပါ့မယ်”

သူက ရှန်ရိကျင်းကိုကားယူလာခဲ့ရန် မတောင်းဆိုခဲ့ပေ။

ရှန်ရိကျင်းက မငြင်းဆန်ဘဲ သဘာဝကျကျပြောလာသည်: “ အိုကေ”

“ဒါဆို ကိုယ်မင်းကိုအဲ့နေရာထိလိုက်ပို့မယ်”

ကျင်ရွှင် : “……”

တကယ်တော့ ကျင်ရွှင်ရဲ့နဂိုဆိုလိုရင်းက ရှန်ရိကျင်းက အိမ်ကိုတိုက်ရိုက်မောင်းပြန်သွားလို့ရတယ်ဟုပင်၊ မဟုတ်ရင် သူအုပ်စုအစည်းအဝေးမှာရှိနေချိန် Mr.ရှန်က ဘာလုပ်စရာမှမရှိဖြစ်နေလိမ့်မည်။

ရှန်ရိကျင်းက သူ့ကိုလိုက်ပို့ပေးချင်နေတယ်…ကျင်ရွှင်က တစ်ဖက်လူကို အထက်အောက်စုန်ဆန်ကြည့်လိုက်သည်။ Mr.ခြေတံရှည်က မျက်စိဖမ်းစားဖွယ်ကောင်းတယ်လို့ သူအမြဲခံစားရသည်။ ခုနလေးတင် သူကလူနှစ်ယောက်ကို ဆွဲဆောင်ပြီးပြီ။ သူသာ တစ်ဖက်လူနဲ့အစည်းအဝေးကို တူတူသွားမယ်ဆိုရင် ပြဿနာတွေဘယ်လောက်တောင် ဖြစ်လာမလဲဆိုတာကို သူမပြောနိုင်ပေ။

ဒါပေမယ့် ရှဲန်းရှန်က သူ့ကိုလိုက်ပို့ချင်တယ်လို့ပြောလာမှတော့ သူတမင်သက်သက်ကြီး မငြင်းဆန်ချင်ပေ။ ရှန်ရိကျင်းက သူ့လွယ်အိတ်ကိုကူသယ်ပေးမယ်လို့ ကမ်းလှမ်းလာတာတောင်မှ သူလက်ခံခဲ့သည်။

သူ့ရဲ့သင်ကြားမှုစွမ်းရည်က အရမ်းကိုတတ်လွယ်တယ်လို့ ကျင်ရွှင်ခံစားရသည်-ရှန်ရိကျင်းနဲ့ဆိုရင် မယဉ်ကျေးဖို့ သူသင်ယူခဲ့သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now