🍁Daffodils အပိုင်း(၄၄)The Lucky One

Start from the beginning
                                    

သူအားနေတဲ့လက်တစ်ဖက်နဲ့ အနွေးထည်ကိုဆွဲဆန့်ရင်း ဆောင်းတွင်းခေါင်ခေါင်မှာတောင် အချိန်အခါမရှိရေကိုမရမကချိုးတတ်တဲ့ နွေဦးကိုသတိရသွားတယ်။သူနဲ့နွေဦး ဆေးရုံတစ်ခုထဲဆိုပေမယ့် ခုထိမတွေ့ကြသေးဘူး။သူကမတွေ့အောင်ကွေ့ပတ်ရှောင်နေတာဆို ပိုမှန်မယ်။သူ့ကိစ္စတွေရှင်းသွားမှ နွေဦးကိုတောင်းပန်တော့မယ်...သူ့ရဲ့ရှုပ်ယှက်ခတ်နေတဲ့ဇာတ်ကြောင်းထဲ နွေဦးကိုမပါစေချင်တော့ဘူး။
_______________

"ကိုထွဋ်!ကျွန်တော် အိမ်ခဏပြန်လိုက်ဦးမယ်"

"အေး ဒီညနားလိုက်ပါလား နွေဦး!"

ကိုထွဋ်စကားကို သူ ခေါင်းညိတ်ပြပြီးပဲ တုန့်ပြန်နိုင်တော့တယ်။
နွေဦး ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို မသယ်ချင်သယ်ချင်နဲ့ဆွဲသယ်လာလိုက်တာ ဆေးရုံအပေါက်ဝကိုတော့ရောက်လာပြီ။နွေဦး ဆင်ဝင်အောက်မှာ ခြေစုံရပ်လိုက်ပြီး ညောင်းညာနေတဲ့ ပုခုံးကို လက်သီးနဲ့ထုကာ ဇက်ကိုဘယ်ညာစောင်းပြီးချိုးချလိုက်တော့  စောင်းနေတဲ့သူ့မြင်ကွင်းထဲကို တစ်စုံတစ်ယောက်ကဝင်လာတယ်။

သူခေါင်းကိုဖြေးဖြေးချင်းပြန်မတ်ပြီး တစ်ရွေ့ရွေ့လှမ်းနေတဲ့ လူကိုသဘောတကျကြည့်နေမိတယ်။မိုးပင်လယ်ကဖြူဖျော့ဖျော့ မျက်နှာထားနဲ့Drip Standကိုဖြေးဖြေးချင်းတွန်းပြီး တွန်းမရတဲ့နေရာတွေဆို မပြီးသွားနေတာကိုမြင်တော့ သူပြုံးလိုက်မိတယ်။

မိုးပင်လယ်ကပန်းခြံသေးသေးလေးဘေးက သူတို့ထိုင်နေကျ ထိုင်ခုံကိုရောက်တော့ ထိုင်ချလိုက်တယ်။နွေဦး ရပ်နေတဲ့နေရာကနေ ခြေထောက်မရွှေ့နိုင်ပဲ မိုးပင်လယ်ရဲ့ လှုပ်ရှားသွားလာမှုမှန်သမျှကို ရပ်ကြည့်နေလိုက်တယ်။သူ့မြင်ကွင်းထဲက လူရဲ့ လှုပ်ရှားမှုသေးသေးလေးကအစ သူ့စိတ်ကိုရွှင်ပျသွားစေတာမို့ ညောင်းညာပင်ပန်းနေတာတောင်ပျောက်သွားသလိုပဲ။

မိုးပင်လယ်ရဲ့မျက်နှာကနည်းနည်းလေးပြန်ပြည့်လာပေမယ့် မျက်ကွင်းတွေကကျနေတုန်းပဲ...သူ့ဆရာဝန်တွေကအလုပ်အလွန်အကျွံ မလုပ်ဖို့ မှာမထားကြဘူးလား?
သူတို့ဆေးရုံက ဆရာဝန်တွေ ဘယ်တုန်းကအဲ့လောက်ထိအလုပ်ပေါ့ဆကုန်တာလဲ။နောက်နေ့မှ သွားပြီး ကွန်ပလိန်းတက်ရမယ်။

?Daffodils[Complete]Where stories live. Discover now