part - 1

22.2K 918 14
                                    

( Unicode )

မြင့်မားသော အထပ်မြင့် အဆောက်ဦး ပေါ်၌ လူနှစ်ဦး ရှိနေလေကာ တစ်ဦးမှာ အနက်ရောင် ဝတ်စုံအား  ဝတ်ဆင်ထားကာ ကျန် တစ်ဦးမှာ သျှာထိုးဦးထုပ်အားဆောင်းထားလေသည်။
ထိုသို့ကွဲပြားသော ထိုသူနှစ်ဦးအနက်မှ အပေါ်အောက်  အနက်ရောင်ဝတ်ဆင်ထားသောလူသည် လျှာထိုးဦးထုပ် ဆောင်းထားသော လူအား သေနတ်ဖြင့် ချိန်ရွယ်ထားလေ၏။
ထို့နောက်တွင် အနက်ရောင်ဝတ် လူသည် အေးစက်သော မဲ့ပြုံး တစ်ခု ပန်ဆင်လိုက်ရင်း ဦးထုပ်နှင့် လူအား အေးစက်ကာ ခြိမ်းခြောက်ဟန် ပါသည့် စကားအချို့အား ပြောလာသည်။

"မင်းမှာ ပြေးစရာ နေရာ မရှိတော့ဘူး Wolf
မင်းလူတွေလည်း အကုန် ငရဲ ရောက်ကုန်ပြီ "

မှန်ပေသည်။ ဦးထုပ်နှင့် လူမှာ Alpha တပ်ဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင် Wolfပင် ဖြစ်လေသည်။

Wolfသည် အနက်ရောင်ဝတ် လူ၏ စကားအားကြားသောအခါ  ခပ်ထေ့ထေ့ လှောင်ရယ်လာသည်။
သေရတော့မည့် အချိန်တွင်ပင် Wolfသည် တစ်ချက်မျှ တွန့်ဆုတ်ကြောက်ရွံ့နေခဲ့ခြင်း မရှိသလို စိတ်ဓာတ်ပျက်ပြားသွားသည် ဟူ၍လည်း မရှိခဲ့ပေ။
Gods စစ်တပ်ကြီးမှ မွေးထုတ်လိုက်သူ ဖြစ်၍
လောလောလတ်လတ်မှ ခေါင်းဆောင် ဖြစ်လာသော်လည်း Wolfတွင် ထိုသို့သော ခိုင်ကြည်သည့် စိတ်ဓာတ်ရှိလေသည်။

'လူလည်း သတ်ရဲသလို အသေလည်း ခံရဲရမယ် '
ဟူသော ခံယူချက်အား Wolf သည် ခိုင်မာစွာ ဆွဲကိုင်ထားလေသည်။
ထို့နောက်Wolfသည် သူ့ရှေ့မှ အနက်ရောင်ဝတ် လူအား ထီမထင်သလို ကြည့်ရင်း ထပ်မံ လှောင်ရယ်လာသည်။

"ဟက်.. အပြော မစော နဲ့ဦးလေ ငါမဟုတ်ဘဲဇာတ်သိမ်းသွားရတာက မင်းဖြစ်ချင်လည်း ဖြစ်နေနိူင်တာဘဲ..မဟုတ်ဘူးလား"

"အိုး....ဖြစ်နိူင်တာလေး ကိုဘဲ လျော့ပြောစမ်းပါ Wolfရာ"

"ငါ့ဘဝမှာ အကြောက်တရား ဆိုတာ ဘယ်တုန်းကမှမရှိတဲ့ နာမ်တစ်ခု ဆိုတာ မင်းတို့လို ကောင်တွေ အသိဆုံး နေမှာပါ "

Wolf၏စကားကြောင့် ထိုအနက်ရောင်ဝတ် လူ၏ မျက်နှာမှာ ရုတ်ချည်းပင် ခက်ထန်လာသည်။

"ဒါပေါ့...သိတာပေါ့ အဲ့ဒါကြောင့်လည်း မင်းကို ငါက ငရဲ ပို့ပေးချင်နေတာ "

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now