"ကိုကို ဘာလို့ ဘောင်းဘီတွေခေါက်ပြီး
ဆံပင်တွေစည်းနေတာလဲ "

"မောင် မသိပါဘူး ကလေးလေးရယ်
ဈေးက လူရှုပ်ရရှုပ်နဲ့
စဝင်တာနဲ့ ကိုယ့်နောက်ကနေ သေချာလိုက်ဟုတ်ပြီလား"

"ဟုတ် ကိုကို"

ခေါင်းလေးငြိမ့်ကာ ဖြေတယ့်
မောင်ကြောင့် လွန်းမှာ
ပါးလေးကိုပင် ဆွဲလိုက်မိသည်။

"အားယို့ ကိုယ့်ကလေးလေးက
ချစ်ဖို့ကောင်းနေတာ လာ သွားကြမယ်"

ထို့နောက် လွန်းရဲ့ တစ်ပတ်စာအတွက်
ဈေးဝယ်ခြင်းအစပြုကာ
နောက်ကနေ လိုက်လာတယ့် ရိုင်းဧက္ကရာဇ်မှာတော့
မျက်နှာတွေ ရှုပ်မဲ့လျက် ။

ကားပေါ်ကို ပြန်ရောက်တာနဲ့
မျက်မှောင်ကုတ်နေတယ့် မောင်ကြောင့်
လွန်းမှာ မောင့်ကို မျက်နှာခြင်းဆိုင်လှည့်စေကာ
နှာဖူးကြောလေးတွေကို လက်ကလေးနဲ့
​ဖြည်းဖြည်းခြင်း နှိပ်ကာ ပြေလျော့စေလိုက်သည်။

"သိပ်မျက်မှောင်မကြုတ်နဲ့လေ မောင်
ခေါင်းကိုက်နေမယ်"

"မဖြစ်ပါဘူး
ကိုကိုရဲ့ လက်ကလေးနဲ့ထိလိုက်ရင်ကို
မောင်က နေကောင်းနေပြီးသား"

"ဟားဟား ဘယ်လိုနေလဲမောင်
နောက်တစ်ခါဈေးလိုက်ဦးမှာလား"

"လိုက်ဦးမှာ "

လွန်းသုထက်မှာ ဈေးက ဗွက်တွေနဲ့
လူကရှုပ်တိုးကြိတ်ပြီးဝယ်ရတာမလို့
မောင် မလိုက်တော့ဘူး ထင်ပေမယ့်
လိုက်မယ်ဆိုတာကြောင့်
လွန်း မျက်ခုံးလေးပင့်မိသည်။
မောင်ဆိုတာ လူရှုပ်ရင်မကြိုက် သီးသန့်နေတတ်သူမလား။

ရိုင်းမှာတော့ သူ့ကို အံ့ဩသလိုကြည့်နေတယ့် ကိုကိုကြောင့်
သဘောတကျရယ်လိုက်ကာ
နှုတ်ခမ်းလေးကို ပြွတ်စ်ခနဲ တစ်ချက်
ဆွဲစုပ်ကာ နမ်းလိုက်သည်။

"မောင့်ကို အဲ့လိုမကြည့်နဲ့ကိုကို
မောင် လူရှုပ်တာမကြိုက်ဘူး
ဒါပေမယ့် ဒီလိုနေရာမှာ ကိုကိုတစ်ယောက်တည်းလာပြီး
မောင်မပါဘဲနဲ့ တစ်ခုခုအနာတရဖြစ်သွားမှာ
ချော်လဲမှာကို မောင်ပိုမကြိုက်ဘူး"

"ဟုတ်ပါပြီ မောင့်သဘောအတိုင်းဘဲ
ဟုတ်ပြီလား ခုတော့ အိမ်တန်းမပြန်သေးဘူး
ဆိုင်သွားဦးမယ်နော်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now