*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ

Start from the beginning
                                    

ပိုင်ယွမ်ချန် သူမကိုပြန်တုံ့ပြန်လိုက်ပြီး လူအုပ်ကြားထဲရောဝင်သွားလိုက်သည်။

လူတွေက ဆိုင်ထဲကိုဝင်လာလိုက် ထွက်သွားလိုက်ဖြစ်နေသည်။ ဆိုင်ရဲ့ထောင့်ဘက်မှာရပ်နေတဲ့ ရုန်ယိကို ဘယ်သူမှသတိထားမိမှာမဟုတ်ပေ။ ဒါတောင်အရပ်ရှည်ရှည်လူက သူ့ရှေ့မှာပိတ်ရပ်နေတာ မပါသေးပေ။ ဒါပေမဲ့ ပိုင်ယွမ်ချန်ကတော့ ရုန်ယိ အဲ့နေရာမှာရှိနေတာသိနေသလိုမျိုး သူ့ဆီကိုသာတည့်တည့်လျှောက်လာ၏။
"ရှောင်ယိ"

သူ့အသံကနူးညံ့နေပေမဲ့ ရုန်ယိအရှေ့က အရပ်ရှည်ရှည်နဲ့လူကတော့ ပိုင်ယွမ်ချန်ရဲ့ အကြည့်ကြောင့်အေးခဲသွားရပြီး တုန်ရီလာခဲ့သည်။ နောက်ဆုံး သူမတောင့်ခံနိုင်တော့ဘဲ အဝေးကိုရွှေ့သွားတော့၏။

ရုန်ယိ ပိုင်ယွမ်ချန်ကိုမြင်လိုက်တဲ့အခါမှာ အပြုံးတစ်ခုလုပ်ယူထားလိုက်ပြီး သူ့ကိုဘယ်လိုနှုတ်ဆက်လိုက်ရမလဲ ကြိုးစားပြီးစဥ်းစားနေ၏။ သူ့အပေါ်ရောက်နေတဲ့ ပိုင်ယွမ်ချန် ရဲ့အကြည့်တွေက ရုန်ယိရဲ့ခါးနားကလက်တွေဆီကိုရောက်သွားရသည်။

ပိုင်ယွမ်ချန် မျက်လုံးတွေကျဥ်းမြောင်းလိုက်ပြီး ယင်းကျင်းရဲ့ ကိုကြည့်လိုက်သည်။

ယင်ကျင်းရဲ့က သူ့မျက်လုံးတွေကို တည့်တည့်ပြန်စိုက်ကြည့်လိုက်ပြီး သူ့လက်တွေကိုဖယ်ပစ်လိုက်ဖို့ စိတ်ကူးမရှိပေ။

ရုန်ယိ ယင်ကျင်းရဲ့ကိုကြည့်ပြီးနောက် ပိုင်ယွမ်ချန်ကိုလည်းကြည့်လိုက်သည်။ သူ ရုတ်တရက် ကောင်းကင်ပေါ်က ကြယ်တံခွန်တွေ မြေပြင်ပေါ်ကြွေကျလာသလို ခံစားလိုက်ရ၏။

"အပြောင်းအလဲကလည်း မြန်လိုက်တာ.."
လှောင်ပြောင်သံတစ်ခုက ယင်ကျင်းရဲ့နဲ့ပိုင်ယွမ်ချန်တို့ရဲ့ ထိပ်တိုက်တွေ့နေမှုကို ဝင်ဖျက်ဆီးလိုက်သည်။
"ရုန်ယိ မင်းဘဲ မင်းရဲ့ဆရာတူအစ်ကိုကြီး ပိုင်ယွမ်ချန်ကို ချစ်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။ အခုတော့မင်းက တစ်ခြားတစ်ယောက်နဲ့ ရှိနေတယ်...။
မင်းရဲ့အချစ်က တစ်ကယ့်ကိုစျေးပေါတာဘဲ..."

ကျိုရွှီဂိုဏ်းကတပည့်တွေအကုန်လုံး ယင်ကျင်းရဲ့က သူ့ခါးကိုဖက်ထားတာတွေ့တာကြောင့် အထင်အမြင်သေးစက်ဆုပ်သွားကြသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now