Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)

Start from the beginning
                                    

"ဟော်ရှ ကိုယ် သတိပေးလိုက်မယ်... အဲ့မိန်းကလေးကော၊မင်းမိသားစုရော ဒုက္ခမရောက်စေချင်ရင် ကိုယ့်ပြောတဲ့အတိုင်းနေ" လို့ ပြောလာသည့်အခါမှာတော့ ရှအန်းထျန်းကို ထန်းဟော်ရှတွန်းထုတ်လိုက်ပြီး အကွာအဝေးကို ချက်ချင်းခြားလိုက်သည်။

" မင်းက ငါတို့ထန်းအိမ်တော်ကို ထိနိုင်မယ်ထင်နေလား"

"အဟက် ဟော်ရှ မင်းကိုယ်တို့ရှအိမ်တော်က ဒီမြို့မှာပဲ အခြေကျတယ်ထင်နေလား ထန်းအိမ်တော်ကို ဝင်နှောက်ဖို့ ကိုယ်တို့ရှအိမ်တော် လက်တစ်ချောင်းမြှောက်ရုံပဲ" လို့ လှောင်ရီကာ ပြောလာသည့်ရှအန်းထျန်းကို ထန်းဟော်ရှ စိုက်ကြည့်ရင်း အတွေးများစွာ ဝင်ရောက်လာသည်၊

ရှအိမ်တော်ရဲ့နောက်ကြောင်းနဲ့ပတ်သတ်ပြီး ထန်းဟော်ရှမသိပေမယ့် သူရဲ့အစ်ကိုကတော့ အမြဲသတိထားရန်ပြောတတ်သည်။ရှအိမ်တော်ဟာ လော့အိမ်တော်ထက်ပင် ဆန်းကျယ်ပြီး တော်ရုံရန်စရန် မသင့်တော်သည့်အိမ်တော်ဖြစ်သည်။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား ကျောင်းကောင်စီဥက္ကဋ"ထန်းဟော်ရှ ထွက်ပြေးလို့ရမရ အနီးပတ်ဝန်းကျင်ကို ကြည့်ရင်း ရှအန်းထျန်းကို မေးလိုက်သည်။ကျောင်းခုံတွေထားသည့်စတိုခန်းဖြစ်တာကြောင့် သူ့မှာ လွတ်လမ်းဆိုရင် ရှအန်ထျန်းကို တွန်းထုတ်ကာ ပြေးမှ ရလိမ့်မည်။

"ကိုယ် မင်းကို သတိပေးတာ " ရှအန်းထျန်းစကားကြောင့် ထန်းဟော်ရှ နူတ်ခမ်းမဲ့လိုက်ပြီး သူဟာ ဘာမှဆက်မပြောသေးဘဲ အနည်းငယ်စဉ်းစားပြီးနောက်မှာ

"ကောင်းပြီ ငါ မင်းရည်းစားလုပ်ပေးမယ်"လို့ ပြောလိုက်တော့ ရှအန်းထျန်းဟာ ပြုံးသွားပြီး ထန်းဟော်ရှလက်ကို ကိုင်ကာ

"မဟုတ်ဘူး ချစ်သူ" လို့ ပြောလိုက်တော့ ထန်းဟော်ရှ စိတ်ပျက်သည့်အမူအရာဖြင့် ရှအန်းထျန်းလက်ကို ပုတ်ချလိုက်ပြီး

"မင်းရဲ့ချစ်သူလုပ်ပေးမယ် ရပြီလား" လို့ ပြောလိုက်သည်။ရည်းစားနဲ့ချစ်သူ ဘာကွာတာမို့လို့လဲ၊အပိုတွေက လာလုပ်ပြနေတယ်၊မင်းငါ့အပေါ် ပျင်းသွားပြီး လက်လျှော့သွားအောင် လုပ်ပြမယ် ရှအန်းထျန်း၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now