Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)

Start from the beginning
                                    

"စိတ်မပူနဲ့ မင်အာ ကိုကိုဖြေရှင်းပေးမယ်" တစ်ဖက်ကအမျိုးသားအသံကြားသည့်အခါမှာတော့ ဟန်စုမင်ဟာ ပြုံးသွားပြီး သူဟာဖုန်းကို ချလိုက်တော့သည်။

'လော့ရှန်ဟွာ! ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါအခုလိုဖြစ်ရတာ မင်းကြောင့်ပဲ!!!'

အဲ့တုန်းက လော့ရှန်ဟွာ သူ့စကားနားထောင်ခဲ့ရင် စိတ်လွတ်ပြီး သူသွားပေါက်ကွဲမည်မဟုတ်ပေ၊အခုတော့ အဲ့သုံးစားမရတဲ့ကောင်ကြောင့် ဒီလိုနာမည်ဆိုးတွင်တော့မယ်။ဒါပေမယ့် ကိစ္စမရှိပါဘူး၊အခုဆိုရင် သူ့အစ်ကိုက အောင်မြင်နေပြီဖြစ်တဲ့စီးပွား​ရေးသမားဖြစ်​နေပြီ​လေ၊ဒီလိုပြသာနာအ​သေးစားကို ဝင်ရောက်ဖြေရှင်းနိုင်မည်ဟုဆိုတာ ဟန်စုမင်သိသည်။

ဟန်စုမင် တွေးထားသည့်အတိုင်းပင် သူ့အစ်ကိုဟာ ကျွမ်းကျင်သမားများငှါးကာ ဖြေရှင်းပေးခဲ့သည်။ထိုဗီဒီယိုဟာ အတုဖြစ်ကြောင်းနဲ့ သူ့ညီဟာ ဘယ်တော့မှ ဒီလိုဆိုးဝါးသည့်လုပ်ရပ်မျိုးလုပ်မည်မဟုတ်ကြောင်း ဝင်ပါပြောဆိုလာတော့သည်။ဟန်စုမင်လည်း သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဖြေရှင်းတော့သည်။

ယုန်ငယ်လေးဟန်ဟန်:  ကျွန်တော့်မှာ ဘယ်လိုဆိုးဝါးတဲ့ကံရှိနေရတာလဲ၊ဘာကြောင့် ကျွန်တော့်ပဲတိုက်ခိုက်နေရတာလဲ၊တကယ်တောင်းပန်ပါတယ်ဗျ... ကျွန်တော့်ကို လွှတ်ပေးပါ ဒီကနေတကယ်တောင်းပန်ပါတယ်...၊သူငယ်ချင်းလို့ သတ်မှတ်ခဲ့ပေမယ့် အမြဲကျွန်တော့်ပေါ် ရိုက်ချဖို့တွေးနေလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ကျွန်​တော် သူ့အပေါ်အစစအရာရာကောင်းပေးလျက်နဲ့ဘာကြောင့် သူက ကျွန်တော်ပေါ်မကောင်းရတာလဲ...နည်းနည်းလေး ကောင်းပေးမယ်ဆိုရင် ကျွန်တော်ဒီကိစ္စကို လစ်လျူရှုပေးလိုက်ပါမယ်

ဟန်စုမင်ဟာ သူရဲ့ကြေကွဲကာဝမ်းနည်းနေသည့်ရုပ်ကိုပါ ဓာတ်ပုံရိုက်လိုက်ပြီး တင်လိုက်သည်။ထို့နောက်မှာတော့ မိနစ်အနည်းငယ်အတွင်း မှတ်ချက်များစွာ တက်လာတော့သည်။

[ချွဲပစ်တဲ့အရာတွေကျွန်မမထိဘူး: ဒါကတော့ ဘာအကြောင်းလဲဟ! ဟန်စုမင်ရဲ့အစ်ကိုကလည်း သူ့ညီအတွက် ဖြေရှင်းချက်တောင် ထုတ်ပေးလိုက်သေးတယ်၊အမလေး စုမင်လေး သနားစရာကောင်းလိုက်တာ]

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now