*ကိုယ့်ရဲ့ ကလေးလေးတွေကို
အရမ်းချစ်တာဘဲ*

  ................. ................

"မောင် ဟေ့ ဖြေးဖြေး
ပြုတ်ကျမယ်"

"မစိုးရိမ်နဲ့ကိုကို မောင်က
ကိုကို့ကို ထိခိုက်ခံမယ့်သူမျိုးမဟုတ်ဘူး"

ပြောမရတယ့် မောင်ကြောင့်
လွန်းသုထက်လဲ ဘာစကားမှမဆိုမိတော့
မျက်လုံးကို စည်းထားတာကြောင့်
ဘာမှမမြင်ရသော်လဲ
နိမ့်ဆင်းသွားတယ့် အခြေအနေကြောင့်
မောင်သည် သူ့ကိုချီပြီး
လှေကားကနေ အောက်ထပ်ကို ဆင်းနေပုံ
ဘာကို သွားမလဲဆိုတာကို
သိခြင်ပေမယ့်
မောင့်ရဲ့ မောင်ခေါ်မယ့်ဆီကို ယုံကြည်စွာတာ လိုက်ခဲ့ဆိုတယ့် စကားကြောင့်
မတွေးတော့ဘဲ

တစ်ကိုယ်လုံးကို သိမ်းကြိုးစွာဖက်ထားတာမလို့
အနားမှာရှိနေတယ့် မောင့်ရဲ့ ကိုယ်သင်းနံ့ကိုသာ
ရှုရှိုက်နေမိသည်။
မပြောင်းလဲဘူး မောင်က
ကိုယ့်ကို ချစ်တယ့်အချစ်တွေမပြောင်းလဲသလို
စတွေ့တဲ့နေကလို ကိုယ်သင်းနံ့ကလဲ
မပြောင်းလဲဘူး။

"ကိုကို့ မောင် မျက်လုံးစည်းထားတာဖြေပေးမယ်နော်
အခုတော့ မောင့်ရင်ခွင်ထဲကို မှီလိုက်"

ရိုင်းဧက္ကရာဇ် ပွေ့ချီလာသောကြောင့်
ရင်ခွင်ထဲရောက်နေတယ့် ကိုကို့ကို
ခုလဲ ဆက်လက်ပြီး ပွေ့ထားလျက်
ထိုင်ဖို့ နေရာရောက်တာနဲ့တင်
ကိုကို့ကို ရင်ခွင်ထဲ မှီစေကာ
မျက်လုံးက စီးထားတယ့် အဝတ်လေးကို
တဖြည်းဖြည်းချင်း ဖြေပေးလိုက်သည်။

လွန်းရဲ့ မျက်လုံးစီးထားတယ့်
အဝတ်တို့ ပြေကျသွားသည်နှင့်
မျက်လုံးတို့ကို ဖြေးညှင်းစွာ ဖွင့်လိုက်တော့
မှောင်မည်းနေတယ့် အမှောင်ထုကြားမှာ
ဖယောင်းတိုင်မီး​လေးတွေက
လင်းနေလျက်
ခြံထဲ မြက်ခင်းပေါ်မှာ ခင်းထားတယ့်
ပျော်ပွဲစားထွက်တယ့် အခင်းလေးပေါ်ကို
လွန်းတို့ ရောက်နေတာဖြစ်ပြီး
မောင်က လွန်းလက်ကို ကိုင်ဆွဲထားကာ
နောက်တစ်ဖက်က ကိတ်မုန့်လေးကို
ဗန်းလေးခံကာ ကိုင်ထားသေးသည်။

"လာ ကိုကို birthday songဆိုရအောင်နော်"

"အွန်း"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now