Chapter 3.1 - Tyrannical CEO Son

Start from the beginning
                                    

ကူယွမ် : " ??? "

ဘေးက အိမ်နီးချင်းတွေရော ကူယွဲ့နဲ့ ဖုန်းကျီဟန်တို့အားလုံးပါ မေးခွန်းတွေအပြည့်နဲ့ မျက်နှာထားမျိုး ဖြစ်နေကြတယ်၊ ထူးခြား ချမ်းသာတဲ့ ဒီအမျိုးသားက သူတိူ့ရှေ့ကို ရောက်နေကြတာကို မယုံနိုင်ဖြစ်နေကြတယ်။

အခု သူတို့ရှေ့က ဒီမြင်ကွင်းကို ထပ်တွေ့လိုက်ရတော့ ပိုလို့တောင် ကြောင်အမ်းအမ်းဖြစ်သွားကြပြန်တယ်၊ သူတို့ ဘာကို ကြားလိုက်ရလဲဆိုတာကို သေချာ ပြန်စဉ်းစားနေကြတယ်။

ဒါက ဘာကို ဆိုလိုချင်တာလဲ ? ဒီချမ်းသာပြီး ခမ်းနားထည်ဝါတဲ့ ယောက်ျားက ကူယွမ်ကို တကယ်ကြီး မား လို့ ခေါ်လိုက်တာလား?

ကူယွမ်က အခုမှ အသက် ဘယ်လောက်ရှိသေးလို့တုန်း?

အားလူံးရဲ့ အကြည့်တွေက ကူယွမ်ဆီ တပြိုင်နက်တည်း ရောက်လာတယ်၊သူတိူ့တွေမြင်လိုက်ရတာကတော့ ဘာမှသိပုံမရဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့ ကူယွမ်ကိုဘဲ။

ဒီလို ငယ်ရွယ်တဲ့ ကောင်မလေးက သူ့ထက်အဆတစ်ရာလောက်ပိုရင့်ကျက်တည်ငြိမ်နေတဲ့ သားတစ်ယောက်မွေးထားတယ်ဆိုတာကို ဘယ်သူကများ ယုံနိုင်မှာလဲ။

ကူယွဲ့လည်း အခြေအနေကို သေချာနားမလည်နိုင်ဘူး၊ ဖုန်းကျီဟန်လည်း ကြောင်တောင်တောင်ဖြစ်လို့နေတယ်။

အမျိုးသားက ခေါင်းကို ငုံ့ပြီး ကူယွမ်ကို ကြည့်လိုက်တော့ ‌ပါးစပ်လေးဟလို့ မျက်လုံးပြူးလေးနဲ့ သူ့ကို မယုံကြည်သလို ကြည့်နေတဲ့ ကူယွမ်ကို မြင်လိုက်ရတယ်။

သူ့ရဲ့ ဓားသွားပုံ မျက်ခုံးအစုံက အနည်းတော့ လှုပ်ခတ်သွားတယ်၊ သူက ဖျော့တော့စွာနဲ့ ကူယွမ်ကို ကြည့်လာပြီး အသံကို နှိမ့်ပြောလာတယ် " မားက တကယ်ကို ကျွန်တော့် အမေပါ၊ ဒါကို ဖြည်းဖြည်းချင်းရှင်းပြမယ်လေ၊ အခု မားပူံစံက သိပ်နေကောင်းတဲ့ပုံမပေါ်သေးဘူး ၊စားသောက်ဆိုင် တစ်ခုခုရှာပြီး အရင်သွားစားကြရအောင်လေ "

ဘာလူပ်မယ် ? ကူယွမ်ရဲ့ ဦးနှောက်ထဲမှာ အလိုအလျောက် ဘာသာပြန်လိုက်မိတာက စားမယ် လို့ဘဲသိလိုက်တယ် ။

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now