|| 13 || Zawgyi

En başından başla
                                    

လီယိုက ရှောင်းကျန့်ကို မျှော်လင့်တကြီးကြည့်ကာ ထပ်ခါတလဲလဲတောင်းဆိုသည်။တစ်ခဏကြာတော့ ရှောင်းကျန့် လီယို့ကို ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာချလိုက်သည်။ ထို့နောက် မျက်လုံးကို စုံမှိတ်ကာ အသက်တစ်ချက်ရှူသွင်းရင်း ပြောလိုက်သည်။

"အင်း ကောတို့တွဲကြတာပေါ့"

........................................................................

"ရှောင်းကျန့် ငါ့ကို လာရှာတယ်ဆို
ငါ အခုမှအိမ်ပြန်ရောက်လို့ ဘာကိစ္စလဲ"

"အပြင်မှာ ပြောရအောင်"

ဧည့်ခန်းထဲ ပြောပြောဆိုဆိုဝင်လာသော ရိပေါ်ကို ရှောင်းကျန့်က ခြံအပြင်ထိ ပြန်ဆွဲခေါ်ပါသည်။

"ကဲ ဘာတွေများအဲ့လောက်အရေးကြီးလို့လဲ"

"မင်းကရော ဘယ်သွားနေလို့ ခုမှပြန်ရောက်တာလဲ နည်းနည်းတောင် မှောင်နေပြီ ငါ့ကို
မှန်မှန် ပြောစမ်း "

"ယူစရာရှိလို့ သွားယူတာ
ကဲပါ အဲ့တာအရေးမကြီးပါဘူး
ငါ မင်းကို ပြောစရာရှိတယ်သိလား"

"အင်း ငါရောပဲ
မင်းကို ပြောစရာရှိတယ်"

"ပြောလေ ဘာလဲ"

"ရိပေါ်"

"အင်း"

"ငါ..."

"အင်း"

"ငါလေ..."

"သြော် ပြောပါဆို"

"ငါ လီယိုနဲ့တွဲနေပြီ"

နှစ်ယောက်ကြားထဲက လေထုက ရုတ်ချည်း ငြိမ်သက်အေးစက်သွားသည်။မဝံ့မရဲ မျက်လွှာချထားသော ရှောင်းကျန့်ကို ရိပေါ်က တွေတွေကြီးစိုက်ကြည့်နေသည်။

"တကယ်လား"

"အင်း"

ရိပေါ်က ရှောင်းကျန့်ထင်ထားသလို စိတ်ဆိုးမနေပါ၊ သောင်းကျန်းမနေပါ။
မည်သည့်စကားမှ မဆိုပဲ ချာခနဲလှည့်ထွက်သွားသည်။

ခြံအပြင်မှာ ရပ်ကျန်နေခဲ့သည်က ရှောင်းကျန့်တစ်ယောက်တည်းရယ်ပါ။
ရိပေါ်က သူထင်ထားသလို စိတ်ဆိုးမနေသည့်အတွက် စိတ်အေးရပေမယ့် ဒီလို ဘာစကားမှမဆိုပဲ လျစ်လျူရှုသွားတာမျိုးက ရှောင်းကျန့်အတွက် စိမ်းသက်နေပါသည်။

"ပြောစရာရှိတယ်ဆိုပြီး ပြောလည်းမသွားဘူး"

ခြံတံခါးကို ညင်သာစွာပိတ်ကာ ရှောင်းကျန့်က အိမ်ထဲပြန်ဝင်သွားသည်။
ထိုအခါမှ တစ်ဖက်ခြံတံခါးနောက်ကွယ်က ကောင်လေးက ပြန်ထွက်လာသည်။
ထိုတစ်ခဏအတွင်း ခြံရှေ့မှာ အစိတ်စိတ်အမွှာမွှာပြန့်ကျဲသွားသောစက္ကူစုတ်တွေနှင့်အတူ ကောင်လေးတစ်ယောက်
ငြိမ်ငြိမ်လေးထိုင်နေခဲ့ပါသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုစက္ကူစုတ်တွေကို ဂရုတစိုက် ပြန်ဆက်ကြည့်မယ်ဆိုပါက ဘာသာရပ်အမျိုးမျိုးအောက်တွင် တန်းစီနေသောGrade Aဟူသည့်စကားလုံးကို မြင်တွေ့ရမှာဖြစ်ပြီး
ကျောင်းသားအမည် ဝမ်ရိပေါ်ဟူသော စကားလုံးကိုပါ ထင်ထင်ရှားရှား တွေ့မြင်ရပေမည်။

By Fair Means or Foul || Completed ||Hikayelerin yaşadığı yer. Şimdi keşfedin