Chapter《65 and 66》

Start from the beginning
                                    

ရိဟန်သည် သူ့နှလုံးသားမှ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူက နှုတ်ခမ်းကို တင်းတင်းဖိကပ်လိုက်ပြီး ခုံမှာတိတ်တဆိတ် ဝင်ထိုင်လိုက်၏။ ရွှယ်ချင်းကတော့ ကြောက်လန့်မှုကြောင့် တစ်ဒိန်းဒိန်းဖြစ်သွားသည့် နှလုံးခုန်သံကိုပင် ခံစားလို့ရနိုင်သည်။

အိုး, မေမေရေ, ချစ်လှစွာသော သားလေးရဲ့ ဘဝအတွက် ကျေးဇူးပြုပြီး စကားပြောတာရပ်ပေးပါ

မဖြစ်တော့ဘူး ဒီကိစ္စက မြန်မြန်လေး မကြာခင်မှာ ဖြေရှင်းရမယ်, မနက်ဖြန်....မဟုတ်ဘူး! ဒီညနေကျရင် ထျန်းယောင်ဆီသွားပြီး သူမနဲ့စာချုပ်ချုပ်နိုင်မလားလို့ ချက်ချင်းသွားမေးရမယ်! 'သူမရဲ့အချစ်တွေကို' မြန်မြန်ပြောင်းလေ ပိုကောင်းလေပဲ!

ကျင်းယွမ်က ရိဟန်ဘေးက ထိုင်ခုံဆီ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။ စားပွဲခင်းအောက်ကနေ ရိဟန်ရဲ့ ပေါင်ပေါ် သူ့လက်ကို တင်လိုက်၏။ သူ့လက်ဖဝါးမှ အပူချိန်က ပါးလွှာတဲ့ ပိုးသားကနေတစ်ဆင့် ဖောက်ဝင်သွားသည်။ စားပွဲခုံပေါ်က ရိဟန်ရဲ့ လက်ချောင်းလေးများ ကွေးညွတ်သွားရလေသည်။ သူ့ရဲ့ရှည်လျားတဲ့ မျက်တောင်ကော့ကော့များက နိမ့်သွားပြီး သူ့နားရွက်ထိပ်ဖျားလေးများက တိတ်တဆိတ်ဖြင့် နီရဲတက်လာသည်။

ရွှယ်ချင်းက သူမမောင်လေးရဲ့ မျက်နှာကို တစ်ချိန်လုံး ခိုးကြည့်နေတာဖြစ်သည်။ ရိဟန်ရဲ့ ပြောင်းလဲမှုကို မျက်မြင်တွေ့လိုက်ရတဲ့အချိန်မှာ စိတ်ထဲကနေ ကျင်းယွမ်အား လက်မ မထောင်ပဲ မနေနိုင်တော့။ သူက ဒီကိစ္စနဲ့ ပတ်သတ်ရင် တကယ့်ကို အတော်ဆုံးပဲ

အဲ့ဒီနားရွက်နီနီလေးတွေကို ကြည့်ပါဦး, လောလောဆယ် ရိဟန်ရဲ့ စိတ်ထဲမှာ တစ်ခြား အကြောင်းအရင်းကို တွေးနိုင်မှာမဟုတ်တော့ဘူး

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဘယ်လိုကြောင့်များ လုံးဝမသိခဲ့မိပါလိမ့်?

အကယ်၍သာ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုထူးခြားနေတာကို ကြိုသိခဲ့မိရင် လုံးဝ ဝင်ပါခဲ့မှာမဟုတ်ဘူး

ကောင်းတယ်, အခုတော့ ငါပဲ ဒီဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ လူဆိုးမကြီးဖြစ်ရတယ်.... အချစ်ငှက်နှစ်ယောက်ကို ခွဲဖို့ကြိုးစားတဲ့ မိန်းမရိုင်းကြီး ဖြစ်လုနီးပါးပဲ...ကိုယ့်မောင်ကိုယ် နာကျင်အောင်တောင် လုပ်မိတော့မလို့

(Completed) Reborn as a good childWhere stories live. Discover now