Chapter《65 and 66》

Start from the beginning
                                    

အန်တီယန်းက ဘယ်နေရာကမှန်းမသိထွက်လာပြီး အသက်မရှုစတမ်း ပြောလာလေသည်။

မျှော်လင့်ထားသလိုပဲ အမေ့ရဲ့ အာရုံက သူမဆီချက်ချင်းရွှေ့လျားသွားသည်။

"ဘာဖြစ်သွားလို့လဲ?" အမေက မေးလိုက်သည်။
"အန်တီယန်းသိနေတာလား?"

လျှပ်တစ်ပြတ်အတွင်းမှာ အန်တီယန်းက first-aid kit ကိုရှာတွေ့လာသည်။ သူမက သင့်တော်တဲ့ ပစ္စည်းအား ရှာဖွေနေရင်းဖြင့် ပြန်ဖြေလာ၏။

"ခုဏက သခင်လေးက ပုလင်းကို မတော်တဆ ခွဲမိသွားတယ်လေ, Mr မုတောင် တံမြက်စည်းနဲ့ ဂေါ်ပြားလာယူသေးတယ်, ဘာလို့သူ ထိသွားရသေးတာလဲ?"

"အာ, ဟုတ်တယ်, သူက အရမ်းပဲ သတိမထားဘူးလေ" ကျင်းယွမ်က ထိုမေးခွန်းအား သူ့ကိုမေးလိုက်သလိုမျိုး အလျင်စလို ပြန်ဖြေသည်။

"ကျွန်တော် တံမြက်စည်း ဆင်းယူနေတုန်း ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေ လိုက်ကောက်တယ်, အဲ့ဒါကြောင့် လက်ထိသွားတာ, အန်တီယန်း ရှာမနေနဲ့တော့ ဟန်ဟန်ရဲ့အခန်းထဲမှာ first-aid kit ရှိတယ်, ကျွန်တော်သူ့ကို ကူညီပြီး သန့်ရှင်းပေးပြီးသွားပြီ"

အမေကတော့ယုံသည်။ သေချာပေါက်ကို သူမရဲ့ မိုက်မဲတဲ့သားလေး လုပ်မယ့်အရာမျိုးပဲလေ။

ဒါပေမဲ့...

"ဒါဆို သူ့လည်ပင်းကဘာဖြစ်တာလဲ?"

ကျင်းယွမ်သည် သူ့ခါင်းထက်ကနေ စီးကျလာတဲ့ ချွေးစေးများက လည်ပင်းထိတိုင် တစ်စက်စက် ကျလာသည်ကို ခံစားလို့ရနေသည်။

"အဲ့ဒါက ပုလင်းကျကွဲသွားတဲ့အချိန်မှာ ထိသွားတာ, တကယ်တော့ အရည်ပြားလေးပဲ ပွန်းသွားတာပါ ဒါပေမဲ့ အဲ့ဒီတုန်းက ကျင်းယွမ်က နားမလည်လိုက်ဘူးလေ, စိတ်ပူလို့ဆိုပြီး တစ်ခါတည်း ပတ်တီးတွေ ပတ်ထည့်လိုက်တာပဲ, ကြည့်ရတာပဲ ကြောက်ဖို့ကောင်းနေတာပါ" ရွှယ်ချင်းက ဉာဏ်ကောင်းစွာဖြင့် ဝင်ဖာထေးပေးလိုက်သည်။

အမေက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချသည်။ ထို့နောက် သူမရဲ့ သမီးအား လှမ်းပြော၏။

"သေချာပေါက် ဒဏ်ရာဆိုတာ ပတ်တီးစီးရမှာပေါ့, ကျင်းယွမ်လုပ်တာ ဘာမှမမှားဘူး....နင်ကလေ အမြဲတမ်း ဂရုစိုက်မှုမရှိဘူး, မိန်းကလေးနဲ့မတူလိုက်တာ, ကံကောင်းလို့ ငါတို့ဆီမှာ ကျင်းယွမ်ရှိနေလို့ပေါ့! မဟုတ်ရင် နင့်ကိုဘယ်သူက လက်ထပ်ရဲမှာလဲ?"

(Completed) Reborn as a good childWhere stories live. Discover now