ဒီလိုပြောပြီး ရင်ခွင်ထဲ ဆွဲသွင်းထားတော့လည်း ကြောင်ကလေးက ငြိမ်ငြိမ်တိတ်တိတ်လေး။ Min Yoongi ဆိုတဲ့ ပညာရပ်မှာ ကျ‌နော့်ကိုကျနော် ဘွဲ့လွန်ကျောင်းသားလို့ ထင်ထားပေမယ့် တစ်ခါတစ်လေကျတော့လည်း ကျနော်က မူကြိုအဆင့်မှာ ယောင်လည်လည်ရယ်ပါ။

ဘာပဲဖြစ်ဖြစ် ပြောပြီးလေထဲမှာပျောက်သွားတတ်တဲ့ စကားလုံးတွေကို ကျနော်မယုံကြည်ပါဘူး။ အခုလို မိုးတဖြောက်ဖြောက် နှစ်ရာသီစာလုံး ကျနော့်ရင်ခွင်ထဲမှာ ဖက်ထားခွင့်ရှိနေတာလေးကိုပဲ ယုံကြည်ချင်ပါတယ်။

#...💘...#

မိုးစက်တွေ တဖွဲဖွဲကျဆင်းလာနေရင်းက တဖြေးဖြေးနဲ့ လေပြင်းတွေပါ ရောပါလာနေသည်။ ကိုရီးယားရဲ့နွေရာသီအချိန်မှာ မိုးတစ်ဖြောက်နှစ်ဖြောက် ကျတတ်တာမျိုးက အဆန်းမဟုတ်ပေမယ့် ဒီနေ့မိုးကတော့ တော်တော်နဲ့ ရပ်မည့်ပုံမပေါ်ပါ။

ဒါရိုက်တာကြီးနှင့်အတူ ရှုတင်အဖွဲ့သားတွေအားလုံး မိုးလွတ်ရာ အဆောက်အအုံတစ်ခုမှာ ခိုနေရင်း အခြေအနေကို စောင့်ကြည့်နေကြသည်။ တဖြေးဖြေးနဲ့ မိုးကပိုပိုသည်းလာတော့ ဒါရိုက်တာကြီးက စိတ်လျှော့လိုက်ဟန်ဖြင့် လော်စပီကာကို ကောက်ကိုင်လိုက်တော့သည်။

" ကဲ..ဒီမိုးနဲ့တော့ မဖြစ်တော့ဘူး ကိုယ့်လူတို့ရေ..ဒီနေ့ Scene က ရှင်းရှင်းလင်းလင်း နေ့အလင်းရောင်အောက်မှာ ရိုက်မှကိုရမှာ..ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်ကြစို့ "

" Yes!! ဟုတ်ပြီကွ "

အကုန်လုံး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားကြချိန်မှာ အတန်းပိုင်ဆရာမခွင့်ယူထားတယ်ကြားလိုက်ရလို့ ကလေးတွေထအော်တဲ့အသံလို Kim Taehyung ရဲ့ အသံကြီးက မြူးထူးစွာ ထွက်လာသည်။

" တော်တော်ပျော်သွားလား "

ဒါရိုက်တာကြီး ရဲ့ မျက်စောင်းအကြီးကြီးနဲ့ တည့်တည့်တိုးမှ မင်းသားက အိန္ဒေရြည် ပြန်ဆယ်လိုက်သည်။

" အာ မဟုတ်ပါဘူး..မိုးကလည်း တော်တော်ဆိုးတယ်ဗျာ.. Hyung တို့ပစ္စည်းတွေသိမ်းရတာ အလုပ်ရှုပ်မှာပဲနော်..ကျနော်လည်း ကူပေးမယ်လေ "

I hate that ' I love you 'Donde viven las historias. Descúbrelo ahora