" ဘာတွေချက်နေတာလဲ..ကိုယ့်အချစ်ပင်ပန်းနေတော့မှာပဲ "
" အာ ကိုယ့်ရေခဲသေတ္တာထဲကဟာတွေလား "
" ဒီလောက်ရေခဲသေတ္တာထဲမှာ အပြည့်ရှိတာကို ငါ့ကိုစားစရာမရှိဘူးပြောရဲသေးတယ် "
" အမေ့လက်ရာမှမစားချင်တာ .. ကိုယ်က Yoongi လက်ရာပဲစားချင်နေတာ ဘယ်လိုလုပ်ရမှာလဲ "
မျက်စောင်းလေးက လှလိုက်တာဆိုတာဗျာ။ မနက်က ဒါရိုက်တာကြီးရဲ့နဂါးမျက်စောင်းနဲ့ ဘယ်လိုမှကိုမအက်စပ်ဘူး။ ဒီကြောင်မျက်စောင်းလေးက အသည်းနှလုံးထဲကိုတလှပ်လှပ်ပါပဲ။
" ရေပိုက်လည်း ပြင်ပေးထားတယ်..ဟင်းတွေလည်းချက်ပေးထားတယ်.. ကိုယ့်ကိုဟတ်ထိအောင် သိပ်လုပ်တာပဲ အချစ်ရယ် "
" အေး အကုန်ကောင်းသွားပြီဆိုတော့ ကိုယ့်အိမ်မှာကိုယ်နေတော့ "
ဟတ်ကအခုမှ အမှန်တကယ်ထိသွားတော့တာပါပဲ။ ကိုယ့်ချစ်သူကို လာမတွေ့ဖို့ အိမ်ကိုမလာဖို့ အနားကိုမကပ်ဖို့ အခွင့်ရေးရတာနဲ့ ပြောနေတတ်တဲ့လူမျိုးက ဒီကမ္ဘာပေါ်မှာ Hyung တစ်ယောက်တည်းပဲ ရှိမယ်ထင်ပါသည်။ ကျနော်နာတတ်မယ်ဆိုရင် ရင်နာစရာတွေဆိုပေမယ့်..ပြောပါတယ် ကျနော်က မနာတတ်တဲ့အပြင် ရင်တွေပိုပိုခုန်သွားရလို့ ခက်ရပါတယ်လို့။
" နေမယ်လေ..ကိုယ်နေရင် Yoongi လည်းဒီမှာနေရမှာ "
" ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ ချစ်သူတွေဆိုတာ ခွဲနေလို့မှမရတာ "
" မဆိုင်ပါဘူး ချစ်သူတွေက လင်မယားမှမဟုတ်တာ "
" ကိုယ်တို့က ချစ်သူတွေဆိုတာတော့ လက်ခံတယ်မလား..အဲ့ဒါဆို တစ်ခါလောက်တော့ ချစ်တယ်လို့ပြောပါလားကွာ "
" ချစ်စရာလား မင်းကို "
ညာတာပါတေးမေးလည်းမရ၊ အတင်းချုပ်မေးလည်းမရ၊ မုဒ်အပြည့်နဲ့မေးလည်းမရပါ။ တစ်ခါတစ်လေကျရင် Hyung က သိပ်ခက်တဲ့သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ ဘယ်လိုနည်းလမ်းတွေပြောင်းသုံးသုံး ကျနော့်မှာ အခုထိအဖြေမှန်မရနိုင်ပါ။
" ချစ်ချစ် မချစ်ချစ်နေကွာ..ကိုယ်ကတော့ တစ်သက်လုံး အနားမှာခေါ်ထားလိုက်မှာပဲ "
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 3 💘
Start from the beginning
