စိတ်ကူးမယဉ်မိခဲ့ဆုံးကတော့ အဲ့ဒီရင်ခုန်ခြင်းလေးက ကျနော့်အခင်ဆုံးသူငယ်ချင်းကိုမှ ရူးရူးမူးမူးချစ်မိနေခြင်းဆိုတာကိုပါပဲ။

ကျနော်က မဖြစ်နိုင်တဲ့ရင်ခုန်ခြင်းကို စမိပြီးကတည်းက တစ်သက်လုံးအဝေးကနေ ငေးဖို့အတွက်ပဲ ဆုံးဖြတ်ထားပြီးတဲ့ကောင်ပါ။ ပျော်ရွှင်စရာတွေနည်းပါးခဲ့တဲ့ ကျနော့်သူငယ်ချင်းလေး ပျော်နေရတာကိုပဲ မြင်ချင်မိတဲ့ကောင်ပါ။ ကျနော့်ခံစားချက်တွေကို နယ်မကျော်လာစေဖို့ ကျနော့်ကိုယ်ကျနော် အာမခံရဲပါတယ်။

" ကျေးဇူးပဲ Jung PD..အိမ်ထဲဝင်ပါဦးလား "

" မဝင်တော့ပါဘူး..ကျနော် Studio ကိုပြန်သွားရဦးမှာမလို့ "

" ကျနော့်ကြောင့် အလုပ်များသွားပြီ...ဒါနဲ့ Min PD လေးရော အလုပ်တွေသိပ်ရှုပ်နေလား..ကျနော်ဒီနေ့ ပြန်မလွှတ်လို့ရမလား "

" ရပါတယ် Min PD အလုပ်တွေက လက်စသတ်ပြီးနေပါပြီ "

" တကယ်ကျေးဇူးပါဗျာ..Jung PD ကိုနောက်မှ တစ်ဝိုင်းကျွေးရဦးမယ် "

" ရပါတယ် Taehyung ssi .. သွားလိုက်ပါဦးမယ် "

ကျနော်အာမခံရဲပေမယ့်လေ လောကကြီးက တကယ်ဟုတ်မဟုတ် စမ်းသပ်ကြည့်လာမှာကိုတော့ ကြောက်မိပါတယ်။

#...💘...#

" Yoongi ရေ Yoongi...ကြောင်ပေါက်လေးရေ... ဘယ်ရောက်နေလဲ ကိုယ့်အချစ်ရေ.. "

" ကြည့်...ကိုယ်ခေါ်နေတာ ဘာလို့မထူးတာလဲ "

" မင်းခေါ်နေပုံကမှ မဟုတ်တာ "

မီးဖိုချောင်ထဲက အညိုရောင်အေပရွန်လေးဝတ်ထားရုံနဲ့ သိပ်သားနားနေတဲ့ PD လေးက သူ့ဟင်းအိုးကို မီးပိတ်လိုက်ရင်းက မကျေမနပ်နဲ့ ပြန်ပြောလာသည်။

ကျနော့်ထက် အသက်ကမဆိုသလောက် ပိစိလေးကြီးတာမို့လို့ PD လေးက Hyung လို့အခေါ်ခံချင်တဲ့ အရိပ်ယောင်မျိုးပြပေမယ့် ကျနော်ကတော့ သူ့နာမည်လေးကိုသာ ပိုင်စိုးပိုင်နင်းခေါ်ချင်သည်။ အသည်းယားတဲ့အခါ ပါးစပ်ထဲရှိတဲ့အတိုင်း မျိုးစုံလျှောက်ခေါ်ပစ်ချင်သည်။ ဒါပေမယ့် ရင်ထဲမှာတော့ Min Yoongi Hyung ဆိုတာကို တတ်တူးထိုးထားပြီးသားပါ။

I hate that ' I love you 'Where stories live. Discover now