" ဟဲလို..Yoongi ဘယ်ရောက်နေတာလဲ..ကိုယ်အခု Studio မှာ "
" ဟုတ်တယ် Shooting နားလိုက်လို့..ပြောဦးဘယ်မှာလဲလို့ "
" ဟင် ကိုယ့်အိမ်?? "
" ကိုယ့်အချစ်ကတော့လေ "
ခပ်တိမ်တိမ်အသံလေးနဲ့ ရေပိုက်ပြင်နေတာလို့ပြောတော့ ဒီကကောင် ရူးရပြန်တာပေါ့။ ကျနော် လွှတ်ခနဲပြောလိုက်မိတဲ့ မကြိုက်တာတွေ အဆင်မပြေတာတွေ အခက်အခဲကြုံနေရတာတွေကို Hyung က မှတ်မှတ်သားသားရှိတတ်သည်။ ပြီးရင် အခုလို သူတတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်သည်။ အဲ့လိုချစ်တတ်မှုတွေကြောင့်လည်း ကျနော့်မှာ ပိုပိုရူးနေရပါသည်။
" မပြန်နဲ့ဦး ကိုယ်လာခဲ့မယ် အခုလာခဲ့မှာ စောင့်နေနော် "
အူမြူးသွားတဲ့ စိတ်ကြောင့် ဘေးကအသာနားစွင့်နေတဲ့ Jung PD ကိုပါ မဆီမဆိုင် အားရပါးရ ပြုံးပြမိလိုက်သေးသည်။ ပြီးတော့ သွားမယ်လုပ်ကာမှ မန်နေဂျာ Hyung ကို ကားပေးလိုက်တာကို သတိရသွားသည်။
" Taxi ခေါ်ရမှာပဲ "
" ကားမပါလာဘူးလား "
" ဟုတ်တယ် ကျနော်က အပြန်ကျ Yoongi ကို အိမ်ပြန်လိုက်ပို့ခိုင်းပြီး တစ်ခါတည်းခေါ်ထားမလို့ဗျာ..အခုတော့ သူက အိမ်မှာအရင်ရောက်နေတယ် "
" ကျနော်လိုက်ပို့ပေးရမလား..တစ်မျိုးတော့မထင်ပါနဲ့..Taehyung ssi က မင်းသားဆိုတော့ taxi စီးရင် အန္တရာယ်များနိုင်တယ်လေ "
" ဟာ မထင်ပါဘူး...ပိုကောင်းတာပေါ့..Jung PD အားရဲ့လား "
" အားပါတယ် "
" ဒါဆို သွားကြမယ် "
Hoseok ကားပါကင်ရှိရာသို့ လမ်းလျှောက်သွားနေရင်း ကားသော့ကိုကိုင်ထားတဲ့ လက်တို့အနည်းငယ်တုန်ရီနေသည်။ ရင်ထဲကအတိုင်းအဆမရှိတုန်နေတာမို့ လက်တွေပါတုန်လာရခြင်းဖြစ်သည်။
ဒီနှစ်နှစ်တာကာလအတွင်း Taehyung နဲ့ စကားကြာကြာမပြောဖြစ်စေဖို့ တစ်ခန်းတည်း တစ်နေရာတည်းမှာ အတူတူရှိနေတာမျိုး မဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုယ်များစွာ ဆင်ခြင်ပြီးနေခဲ့ပါသည်။
တီဗီဖန်သားပြင်တစ်ခုပေါ်၌ ပထမဆုံးမြင်တွေ့လိုက်ရတဲ့အချိန်မှာတင် ကျနော့်ကိုလုံးဝသတိ လက်လွတ်ငေးသွားစေခဲ့သော ကျနော့်ရဲ့ရင်ခုန်ခြင်းလေးက အခုလို ကျနော်အလုပ်လုပ်နေတဲ့ အနားထိနီးနီးကပ်ကပ် ရောက်လာလိမ့်မယ်၊ ကျနော့်နာမည်ကိုခေါ်ပြီး ကျနော့်ကို ပြုံးပြနေလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ဖူးခဲ့ပါဘူး။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 3 💘
Start from the beginning
