ကျနော့်အတွက်တော့ ကောလဟာလတွေဆိုတာ ရီစရာဟာသတစ်ပုဒ်လိုပင် ကြားတုန်းခဏ ဟားတိုက်လိုက်ပြီးရင် ဒီဘက်နားကဝင်ပြီး ဟိုဘက်နားကပြန်ထွက်သွားတတ်ကြသည်။ ကျနော့် PD လေးကလည်း သူ့အလုပ်ကလွဲပြီး ဘာကိုမှစိတ်မဝင်စား၊ ဘယ်ကောလဟာလကိုမှ နားယောင်တတ်သူမဟုတ်တော့ ဘယ်သူဘာပြောပြော ကျနော်တို့ရဲ့ အချစ်သင်္ဘောကြီးက ပျော်ပျော်ကြီးဆက်ပြီး ရွက်လွှင့်နေရုံပါပဲ။

" မင်းသား မနက်ဖြန်စောစောလာခေါ်မယ်နော်..ဖြစ်နိုင်ရင် အိမ်မှာပဲပြန်အိပ်ပါလား..အိမ်ကအဝတ်အစားတွေလည်း ယူစရာရှိလို့ "

" အင်း ကျနော်ဒီနေ့တော့ အိမ်မှာပဲပြန်အိပ်ဖြစ်မှာပါ "

" ကောင်းတယ် ကောင်းတယ် သွားပြီ "

လာနေကျမဟုတ်တဲ့ နေ့ခင်းအချိန်ကြီးတွင် ဖုန်းလည်းကြိုမဆက်ထားဘဲ Studio ကိုရောက်လာခဲ့လိုက်ပြီ။ ကျနော့်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရရင် ဘာလာလုပ်တာလဲလို့ ခပ်အေးအေးသာ မေးတတ်ပေမယ့် Hyung ရဲ့ မျက်၀န်းတွေထဲမှာ ပျော်သွားတဲ့အရိပ်အယောင်လေးတွေ လင်းလက်သွားတတ်သည်။ အဲ့ဒါလေးကိုမြင်ချင်တာမို့လည်း တမင်တန်းလာခဲ့ခြင်းဖြစ်သည်။

ကျနော့်ကို ဆေးမိနေတယ်လို့ ပြောလည်းပြောချင်စရာ။ မနေ့ညကတင် တွေ့ထားသေးတဲ့ PD လေးကို အခုတွေ့ရတော့မယ်ဆိုတော့လည်း ဓာတ်လှေကားစီးရင်းက အရူးလိုရင်တွေခုန်နေမိပြန်ပါသေးသည်။

" ကိုယ်လာတယ် "

" အော Taehyung ssi "

" Jung PD ရှိနေတာလား..Yoongi ရော..သန့်စင်ခန်းသွားလား "

" မဟုတ်ဘူးဗျ ကျနော်ရောက်ကတည်းက မရှိတာပဲ "

" ဟုတ်လား ထူးဆန်းလိုက်တာ မိုးနဲ့လေနဲ့ဘယ်များသွားတာလဲ "

" ဟို ကျနော် ဒီနားတစ်ဝိုက်မှာ လိုက်ရှာကြည့်ပေးမယ်လေ "

" နေ နေပါ..ကျနော်ဖုန်းဆက်ကြည့်လိုက်မယ် "

ပြောပြောဆိုဆိုနဲ့ ထထွက်သွားဖို့ လုပ်နေတဲ့ Jung PD ကို အလျင်အမြန်တားလိုက်ရသည်။ Jung PD က ကျနော့်ကို မင်းသားမို့လို့ တော်တော်ကို ရှိန်ပုံပေါ်ပါသည်။ ပြီးတော့ အေးဆေးပြီး အရှက်အကြောက်လည်းကြီးပုံရသည်။ အဲ့လို Jung PD မို့လို့သာ ကျနော့် Hyung နဲ့ တစ်ခန်းထဲမှာ အကြာကြီး အတူတူရှိနေတတ်ခြင်းအပေါ်  စိတ်ချထားနိုင်ခြင်းဖြစ်သည်။

I hate that ' I love you 'Where stories live. Discover now