" မင်းသား Studio ပဲလား "

" ဟုတ်တယ် မန်နေဂျာ Hyung..ကျနော့်ကိုထားခဲ့ပြီးရင် ကုမ္ပဏီကိုပဲပြန်လိုက်တော့နော်..ဒီနေ့ schedule မရှိတော့ဘူးမလား "

" မရှိတော့ဘူး စိတ်ချလက်ချသွားလို့ရတယ်..ဒါနဲ့ မင်းသားက ကားယူမထားတော့ဘူးလား "

" ကျနော်ယူထားရင် Hyung မိုးရေထဲပြန်နေရမှာပေါ့..ကျနော်က ကိစ္စမရှိဘူး Yoongi ရှိတယ်လေ "

မင်းသားကအဲ့လိုကြင်နာတတ်သူဖြစ်လို့ အလုပ်တွဲလုပ်တဲ့သူတိုင်းက စိတ်ချမ်းသာရပြီး မင်းသားကိုလည်း တော်တော်ချစ်ကြခင်ကြသည်။ အဲ့လိုသူတို့မင်းသားက Min PD ဆီမှာ အချေခံ အထုထောင်းခံပြီး တွယ်ကပ်နေရတယ်ဆိုတာမျိုးကို ကြားရတိုင်းလည်း သူတို့မှာ အော့နှလုံးနာရသည်။

" Min PD နဲ့ရော ဘယ်လိုလဲ မင်းသား..အဆင်ပြေကြလား "

" ဒါပေါ့ ..ကျနော့် PD လေးက သိပ်ချစ်ဖို့ကောင်းပြီး သိပ်လိမ္မာတာ..အလုပ်လည်းတအားကြိုးစားတယ် အပျော်အပါးလည်းဘာတစ်ခုမှမရှိလို့စိတ်ချရတယ်.. "

" ချစ်ရောချစ်ပေးရဲ့လား "

" ချစ်တာပေါ့ "

အဲ့လိုမေးခွန်းမျိုးအမေးခံရတာ ကျနော့်အတွက် အဆန်းမဟုတ်တော့ပါ။ အဲ့လိုအမေးခံရတိုင်းလည်း ယုံကြည်မှုရှိရှိပြန်အဖြေ‌ပေးဖို့ကို ကျနော်ဘယ်တော့မှ တွန့်ဆုတ်နေမှာမဟုတ်ပါ။ PD လေးပါးစပ်ကနေ ချစ်ပါတယ်ဆိုတဲ့စကားကို တစ်ခါမှမကြားရသေးပေမယ့် ချစ်တယ်ဆိုတဲ့ အပြုအမူများစွာကိုတော့ ကျနော့်ရင်ဘတ်ကြီးနဲ့ အကြိမ်ကြိမ်ခံစားခဲ့ဖူးတာပဲလေ။

" ဒီလိုမေးလာပုံထောက် Hyung ဘာတွေကြားထားပြန်ပြီလဲ "

" ဘာ ဘာမှမကြားပါဘူးကွာ "

Min PD က ကျောက်တုံးနှလုံးသားဆိုပြီး နာမည်ကြီးတော့ Kim Taehyung နဲ့ Min PD နဲ့ တွဲနေကြတယ်ဆိုတာကို အခုထိတောင် မယုံကြသေးတဲ့သူတွေရှိသည်။ အချိန်တန်ရင် ပြတ်မှာပဲဆိုပြီး ပွဲကြည့်ပရိသတ်လုပ်နေကြသူတွေလည်းရှိသည်။ Min PD ကနာမည်ကြီးလို့ မင်းသားကလိုက်ကပ်နေတာ..မင်းသားတို့ကပိုက်ဆံချမ်းသာလို့ Min PD ကပြန်တွဲတာကနေအစပြုလို့ အဆိုးဆုံး မင်းသားဆေးမိထားတာလား ဆိုတာတွေအထိ ကျနော်တို့အကြောင်း ကောလဟာလစကားတွေက အတွင်းလူတွေထဲအထိ ပျံ့ပျံ့နှံ့နှံ့ရှိလှသည်။

I hate that ' I love you 'Where stories live. Discover now