[33]' All paths to hell are paved with good intentions '

Magsimula sa umpisa
                                    

Kai : " တာဝန် ၊ အလုပ် ၊ ကျင့်ဝတ် ဘာညာ ဘာညာ "

အေးလွန်းသော ၊ ရှက်တတ်လွန်းသော Alexander အား စနောက်သည့်နေရာ၌ Kai တစ်ယောက် အထူးပြုထားသည်မဟုတ်ပါလား ။

Ash : " တော်ပြီ ထိုင်တော့ ! "

Ash က အော်လိုက်မှ ပြုံးစိစိနဲ့ ဝင်ထိုင်သည် ။

Kai ၏အနောက်မှ တင်းမာနေသော မျက်နှာထားဖြင့် အမျိုးသမီးတစ်ဦးပါအတူ လိုက်ဝင်လာ၏ ။ သူမမှာ ဆံပင်နက်‌တွေကို မြင့်မြင့်စည်းထားကာ နီညိုရောင်သူရဲကောင်း ဝတ်စုံပြည့်ဖြင့် ဟန်ပါပါလျှောက်လာပြီး ရှင်ဘုရင်၏အရှေ့တွင် ဆတ်ခနဲ ဒူးတစ်ဖက်ထောက်ချလိုက်သည် ။

Kai : " ဟား , နောက်တစ်ယောက် လာပြန်ပြီ "

Kai တို့ကတော့ ပြောင်ဖြစ်အောင် ပြောင်လိုက်ရမှ ...။

သူ့အတွက် Alexander တို့လို့ Jane တို့လို သူရဲကောင်းတွေက အရမ်း တောင့်တင်းလွန်း ၊ လေးနက်လွန်းကြသည်ဟု မြင်သည် ။ ထိုသူတွေကို စရတာက စိတ်ဝင်စားဖို့အတော်ကောင်းသည် ။

Jane မှာ ကြက်တူရွေးတစ်ကောင်အား အရေးမထား ၊ သူမက ယဉ်ကျေးစွာ သခင်အား အရိုအသေပြုသည် ။

Jane : " အရှင် ! "

Ash : " ရပြီ ထတော့ ။ လူစုံပြီဆိုတော့ စရအောင် ။ အရေးကြီးတယ် "

ထိုသို့ မိန့်ကြားလိုက်သော အရှင်သခင်၏ မျက်နှာမှာ ခဏက ပေါ့ပါးမှုတွေ မတွေ့ရတော့ ... ။ ရုတ်ချည်း အေးစက်တည်ငြိမ်သွားသဖြင့် လက်အောက်ငယ်သား သုံးယောက်တို့၏ အမူအရာတို့မှာလဲ ချက်ချင်း လေးနက်သွားလေ၏ ။

______________________________

အမိန့်မူ အကြမ်းဖျင်းကို ဖတ်ရှူပြီးနောက်အကြံပေးကြီး Kai ၏ မျက်နှာမှာ မည်းသွား၏ ။

လက်ထဲမှ စာလိပ်ကို စားပွဲပေါ်သို့ စိတ်လေးစွာ ပြန်ချလိုက်ကာ စားပွဲထိတ်တွင် အေးဆေးစွာ လက်ဖက်ရည်ထိုင်သောက်နေသော အရှင်သခင်ကို ကြည့်လိုက်သည် ။

Kai : " အရှင် , Archduke Heath ရဲ့ ခရမ်းရောင်တပ်မကို လျှော့ချလိုတာက အကျိုးအကြောင်းဆီလျော်ပေမယ့် , နယ်စပ်ကိုပို့တဲ့ တပ်သားအရေအတွက်ကို လျှော့ချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး "

Days of Counting Camellia (Hiatus)Tahanan ng mga kuwento. Tumuklas ngayon