🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား

Start from the beginning
                                    

"ဟုတ်ကဲ့..." ဆိုပြီး အတောင့်လိုက်ကြီးဖြေလိုက်တယ်။

"အေးသား...သားဘာကိစ္စရှိလို့လဲ...အာ မဟုတ်သေးဘူး ဘာဖြစ်လို့လဲ...ဖုန်းနံပါတ်ကိုမြင်တော့ သားလို့ဖေဖေထင်လိုက်မိပေမယ့် ဟုတ်လားမဟုတ်လား သေချာအောင်ပြန်မေးနေရသေးတယ်ကွာ...လူကြီးဆိုတော့ မှားများမှားနေသလားဆိုပြီး"

သူ့အဖေက အမြီးအမောက်မတည့်တဲ့စကားတွေကို ရယ်ကာမောကာနဲ့ပြောလာလို့သူတို့နှစ်ယောက်ကြားက အခြေအနေကနည်းနည်းလေးတော့ပူနွေးလာသလိုဖြစ်လာတယ်။သူလဲဖုန်းနံပါတ်ကိုမဖျက်သလို သူ့အဖေလဲ သူ့ဖုန်းနံပါတ်ကိုမှတ်မိနေရင်ကောင်းမယ်လို သူတွေးထားခဲ့ဖူးတယ်။ခုသူ့ဖုန်းနံပါတ်ကို မှတ်ထားသေးတာကို သိလိုက်ရတော့ သူ့စိတ်ထဲမှာ ဝမ်းနည်းမှုနဲ့ပျော်ရွှင်မှုကိုရောမွှေထားသလိုခံစားလာရပြီး အရင်သူ့အပြုအမူတွေအတွက်လဲ အရှက်ရလာမိတယ်။

နှစ်ပေါင်းဆယ်ချီပြီး စကားမပြောဖြစ်ကြတဲ့ သားအဖဆက်ဆံရေးက နည်းနည်းကသိကအောက်နိုင်နေတာတော့အမှန်ပဲ...သူ မဟုတ်တာလုပ်ထားတဲ့ဆယ်ကျော်သက်လေးတစ်ယောက်လို သူ့အဖေနဲ့စကားပြောရမှာ မဝံ့မရဲဖြစ်နေတယ်။သူ့ပါးစပ်ကိုလေးလေးလံလံဖွင့်ပြီး စကားလုံးအချို့ကိုထွက်ကျလာအောင်မနည်းလုပ်ယူလိုက်ရတယ်။

"ဖေဖေ နေကောင်းလား..."

"အေး ကောင်းပါတယ် သားရော..."

"ဟုတ်ကဲ့ ကျွန်တော်ရောပဲ အဆင်ပြေပါတယ်"

"ဆေးရုံမှာအလုပ်ရှုပ်နေလား အခုတလော"

"ကျွန်တော်အလုပ်ထွက်လိုက်ပြီ..."

"သြော်..."

နှစ်ယောက်လုံးတိတ်ဆိတ်သွားပြန်တယ်။သူ သူ့အဖေကို သိချင်နေတဲ့အကြောင်းကိုဘယ်လိုစမေးရမလဲမသိဘူး...မေးလဲမမေးရဲသလို မေးလဲမမေးချင်ဘူး။တစ်ယောက်ယောက်ကသူ့အစားမေးပေးရင်ကောင်းမယ်လို့ မိုးပင်လယ်တွေးမိတယ်။

အတန်ကြာ အကြပ်ရိုက်နေရင်း သူ အားတင်းပြီးမေးဖို့ဆုံးဖြတ်လိုက်တယ်။

"ဖေဖေ...မေမေနဲ့ဘာလို့ကွာရှင်းခဲ့တာလဲ"

"ဒီလိုပါပဲကွာ...ကြာခဲ့ပြီပဲကို ခုမှဘာလုပ်ဖို့သိချင်နေတာလဲ"

?Daffodils[Complete]Where stories live. Discover now