ကလေးတွေအကြောင်းကို တွေးရင်း
မျက်ရည်လေးဝဲသွားတယ့်
လွန်းကြောင့် မောင်ဟာ
ဗိုက်ချုပ်ရိုးက နာတယ်ထင်ပြီး
သမီးကို ဇက်ခနဲ ပွေ့ချီလေရဲ့

သမီးလေးသည်လဲ သူ့ကြောင့် နာသွားပြီလား
ဆိုပြီး မျက်နှာလေးငယ်ကာ
မောင့်ပေါ်ကနေ ဆင်းရင်း
ဗိုက် ချုပ်ရိုးနားလေးကို
အဝတ်ပေါ်ကနေ ခပ်ဖွဖွလေးအုပ်ကိုင်ကာ
အုံဖွအုံဖွ လုပ်ပေးနေလေသည်။

"အုံဖွနော် ပါပါး သမီးကြောင့်အရမ်းနာသွားလား"

"မနာပါဘူး ကလေးရယ်
ပါပါးက ဟောဒီကကလေးလေးတွေ ကောင်းကောင်းမွန်မွန်ကြီးပြင်လာလို့
ပျော်မိသွားတာပါ။
တကယ်မနာဘူး ဟုတ်ပြီလား "

"ဟုတ် ပါပါး"

"လာကလေးလေးတွေ
ဖိုးဖိုးကြီး စောင့်နေလောက်ပြီ "

လွန်း ကလေးတွေလက်ကို ဆွဲကာ
ထွက်သွားပြီးကာမှ မောင်ပါမလာတာကြောင့်
ကြည့်တော့
မောင်ဟာ လက်ကလေးပိုက်ထားပြီး
ဘန်းဘန်နီလေးလို ခြေလေးကို
လှုပ်ကာ ဆူပုတ်နေလေရဲ့

လွန်း  ချစ်ဖို့ကောင်းလွန်းတယ့်
မောင့်ရဲ့အပြုအမူကြောင့်
အောက်နှုတ်ခမ်းလေးကို ကိုက်မိသည်။
မောင်ကတော့လေ
အရမ်းကို ချစ်ဖို့ကောင်းနေတာဘဲ

ထို့နောက် စိတ်ဆိုးခြင်ယောင်ဆောင်နေတယ့်
အချော့ကြိုက်တယ့် ကြောင်ဆိုးလေးကို
လွန်းမှာ ပါးလေးကို ရွှတ်ခနဲမြည်အောင်
နမ်းရင်း
လက်ကလေးကို ဆွဲကာ ခေါ်တော့မှ
မောင်ဟာ ရုတ်တရက် လူကို
သတို့သမီး ပွေ့ချီသလိုချီရင်း
လွန်းရဲ့ နှုတိခမ်းသားဆီကို
ဖိကပ်လိုက်လေသည်။

"အွတ်စ် မောင် ဘယ်လိုတောင် အွတ်စ်
လုပ်လိုက်တာလဲ အွတ်စ် "

သူ့ရဲ့ ရင်ခွင်ထဲကနေ
လန့်ဖြန့်ကာ ရင်ဘက်ကို လက်သီးစုပ်လေးတွေနဲ့ တွန်းထားရင်း
မျက်နှာလေးရဲကာ ဂျွတ်စ်ထိုးနေတယ့်
ကိုကိုရဲ့ ပုံစံလေးက
ဘယ်အရာနဲ့မှ နှိုင်းလို့မရ

"သူများကြည့်နေတာ မောင်သဝန်တိုတယ်"

"မောင်ကတော့လေ ဇွတ်တရွတ်လေး"

"အဲ့တော့ မချစ်ဘူးလား"

"အဆိုးလေး ချစ်တယ် ကျေနပ်ပြီလား"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now