part 9( ဒီမင်းသားက ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်)

Start from the beginning
                                    

သူက ယွင်နိုင်ငံရဲ့ အချစ်ခံ မင်းသားလေး ကျောက်ယွမ်ပါနော်။ ဒီ လွီရန် က သူ့ကို တအား လိုက်ချုပ်ခြယ်တယ်။ သူ့ခမည်းတော် မင်းကြီးတောင် သူ့ကို အလိုလိုက်တာကို။
ပြန်ရောက်မှ ခမည်းတော် မင်းကြီးဆီ လွီရန်အကြောင်း ကောင်းကောင်းကြီးတိုင်ပစ်မယ်။

သူ့ကို မှုန်မှိုင်းကာ ကြည့်နေတဲ့ အရှင့်သားကြောင့် လွီရန် အကြည့်တို့က မြင့်တက်သွား၏။ သူ့အရှင့်သား ဘာတွေးနေလဲ သူကောင်းကောင်းသိသည်။

"အရှင့်သား...အရှင်မင်းကြီး ပေးအပ်လိုက်တဲ့ တာဝန် ​မြန်မြန်ပြီးမြောက်မှ... အရှင်မင်းကြီးဆီ ပြန်ပြီး ကျွန်တော့်အကြောင်း တိုင်တန်းနိုင်ပါမယ်...ဒါကြောင့် ကျွန်တော့်ကို အပြစ်ပေးချင်ရင် ပေးအပ်တဲ့တာဝန်အရင်ကျေပွန်အောင် လုပ်ပါ..."

စကားအဆုံးသတ်နဲ့အတူ မြင်းလှည်းထဲ ကျောက်ယွမ်ဝင်ရလွယ်ကူစေရန် လွီရန် လက်တို့က မြင်းလှည်းလိုက်ကာစကို လှပ်တင်ပေးလိုက်သည်။

"ဒီမင်းသားက မြင်းစီးချင်တယ်..."

ကျောက်ယွမ် မြင်းလှည်းထဲ မဝင်ဘဲ မင်းသားတစ်ပါး၏ အရှိန်အဝါကို သုံးလျှက် အမိန့်ပေးလိုက်၏။

သို့သော်ငြား ကျောက်ယွမ်၏ တောင်းဆိုချက်က အရာမဝင်ဖြစ်ကာ..မြင်းလှည်းထဲ လွီရန်၏ ကောက်ချီပို့ဆောင်ခြင်းကို ခံလိုက်ရသည်။

"အထဲမှာ ဝတ်ရုံတော် ပြင်ဆင်ထားတယ်...
အရှင့်သားရဲ့ စိုရွှဲနေတဲ့ ဝတ်ရုံတွေကို လဲလှယ်လိုက်ပါ..."

ကျောက်ယွမ်က အင်းမလုပ် အဲမလုပ် အင်တင်တင်ပြုနေ၏။
သူအမိန့်ပေးလို့မရရင် သူဆန္ဒပြလို့ရတယ်။
ဒီလွီရန်ကို သူအရှုံးမပေးနိုင်ဘူး။

"အရှင့်သားက ကျွန်တော် လဲပေးတာ လိုအပ်တာလား..."

လွီရန် လက်တို့က ကျောက်ယွမ် ခါးစည်းကြိုးထံ လက်လှမ်းလာ၏။

တကယ်မလုပ်လောက်ဟု ကျောက်ယွမ်တွေးထင်မိသော်လည်း လက်တွေ့၌ သူ့ဝတ်ရုံခါးစည်းကြိုးကား သူ့ဝတ်ရုံတော်မှ တစ်စုံတစ်ယောက် ၏ ဖယ်ရှားခြင်းခံလိုက်ရသည်။

ဧကရီ မဟုတ်တဲ့ ဧကရီ Where stories live. Discover now