part 7(ညဥ့်အလယ်က ဗျပ်စောင်းတေးသံ)

501 48 7
                                    

Unicode & Zawgyi

(Unicode)

#ညဥ့်အလယ်က ဗျပ်စောင်းတေးသံ#

ရောင်ခြည်ထွေးထွေးတို့ တောင်စွန်းကွယ်သည်နှင့်အညီ ဝေနိုင်ငံ လမ်းမထက်၌လည်း ညအလှရှုမြော်သူတို့နဲ့ ပျားပန်းခတ် လှုပ်ရှားနေကြ၏။

ရောင်းသူ ဝယ်သူ သွားလာသူတို့နဲ့ ရှုပ်ထွေးကာ လှပနေ၏။

တစ်ဆောင်တည်းသော နန်းဆောင်အတွင်း၌မူ....

စူးရှနက်မှောင်နေသည့် မျက်ဝန်းနဲ့အတူ မျက်ခုံးတို့က တွန့်ချိုးနေ၏။

ထိုသူ၏အရှေ့တွင် မီးခိုးရောင်ဆံပင်...နဲ့ ခရမ်းရင့်ရောင့် ဝတ်စုံပိုင်ရှင်က တည်ငြိမ်စွာ ရပ်နေ၏။

ထိုခရမ်းရင့်ရောင်ဝတ်စုံပိုင်ရှင်သည်လည်း လေးနက်သော အမူအယာတို့နဲ့အတူ တည်တင်းနေ၏။

"မုခယ် ရင်ကျန်း ဘက်က အစီအစဉ် စနေပြီလား..."

ထက်ရှတဲ့ ဓားအသွင်သဏ္ဍာန် မျက်ခုံးတစ်စုံက တွန့်ချိုးလျှက်ပင်ရှိနေသေး၏။ နဂါးဝတ်ရုံတော် အောက်မှ လက်တစ်စုံက တင်းကျစ်လျှက် ဆုပ်ထား၏။

"မုခယ် ရင်ကျန်းက တာချ်နီဂို မျိုးနွယ်ရဲ့ ခေါင်းဆောင် အဖြစ် လွှဲပြောင်းတာဝန်ယူပြီးပြီးချင်း သူက စစ်ပွဲ စတင်ဖို့ ကြိုးစားနေပါတယ် ..... "

"ဒါက ကိုယ်တော်တို့ ကြိုတင်မှန်းဆထားပြီးသားပဲ....ဒါပေမဲ့.... "

ပိုင်လီ ရီယန် မျက်ဝန်းတို့၌ အနည်းငယ်
တွန့်ဆုတ်မှုတို့ရှိနေ၏။

"ဖြစ်နိုင်ရင် စစ်ပွဲကို ရှောင်ချင်တယ်....စစ်ပွဲကြောင့် ဖြစ်လာမဲ့ နောက်ဆက်တွဲ အရာတွေက ကြောက်စရာကောင်းတယ်....ပြည်သူတွေကို မထိခိုက်စေချင်ဘူး...."

"အရှင့် ကျွန် နားလည်ပါပြီ..."

ပေကောင်းရဲ့ဟွမ် လက်နှစ်ဖက် ယှက်လျှက် အမိန့်ကို နာခံလိုက်၏။

"အရှင်....ကြင်ယာတော် တု ရောက်ရှိလာကြောင်းပါ..."

အားဇီရဲ့ မတိုးမကျယ် လျှောက်တင်သံက အတွင်းဘက်သို့ ပျံ့လွှင့်လာ၏။

"ဝင်လာခိုင်းလိုက်... "

"ဟုတ်ကဲ့.. "

အားဇီ အတွင်းဆောင် တံခါးကို
ကြင်ယာတော် တု အတွက် ဖွင့်ဟပေးလိုက်၏။

ဧကရီ မဟုတ်တဲ့ ဧကရီ Dove le storie prendono vita. Scoprilo ora