Back stage ကိုရောက်ရောက်ချင်း

အရောင်တွေလျော့စပြုလာတဲ့နှုတ်ခမ်းသားလေးတွေကိုအရောင်တင်ရင်း

Bar ရဲ့ အရှေ့ဘက်ကိုထွက်လာခဲ့သည်။

ပုံမှန်ဆို မေရွက်ဟာ သီချင်းဆိုပြီးတိုင်း အိမ်ကိုတန်းပြန်လေ့ရှိပေမဲ့

နိုင်းရှိနေတယ်ဆိုတဲ့ အသိနဲ့တင် Bar ရှေ့ကို မရဲတရဲထွက်လာခဲ့သည်။

နိုင်းနဲ့မလှမ်းမကမ်းကထိုင်ခုံပေါ်ထိုင်ချချလိုက်ချင်းပင်

သူမရှေ့ကို Mojito တစ်ခွက်ရောက်လာခဲ့သည်

" ဟိုဘက်ဝိုင်းကဆရာက
အမအတွက်မှာထားပေးတာပါ"

စားပွဲထိုးလေးရဲ့ ခပ်အုပ်အုပ်စကားသံအဆုံးမှတ်မိနေခဲ့သော ကိုယ်နံ့ခပ်သင်းသင်းဟာသူမနှာခေါင်းထဲထိုးဝင်ရစ်တွယ်လာသည်။

သေချာသည်...

နိုင်း... မေရွက်နားကိုရောက်လာခဲ့ပြီ

"ကိုယ်ထိုင်လို့ရမလား"

ထိုင်ရမလားဆိုတဲ့ စကားသံမဆုံးခင်မှာပဲ

သူဟာ မေရွက်ရှေ့က ထိုင်ခုံပေါ်ရောက်နေခဲ့ပြီ...

" ဒီနေ့အတွက်...
ကိုယ့်မှာစကားပြောဖော်သိပ်လိုနေတယ်
မင်းကိုယ့်အတွက်ရှိပေးနိုင်မလား"

တိုးဖွဖွအသံဟာ ဆွဲငင်တဲ့သံလိုက်ဓာတ်တစ်ခုပါဝင်နေခဲ့သည်။

စကားပြောဖော်အဖြစ်ပဲတဲ့လား....

မေရွက်ငြင်းရမလား
လက်ခံရမလား မတွေးတက်တော့

သူ့ရဲ့ လက်ချောင်းရှည်ရှည်တွေဟာ

သူမရှေ့က စားပွဲခုံကို ခေါက်နေခဲ့သည်။

ဆွံ့အနေသောမေရွက်ဝါရဲ့နှုတ်ခမ်းဖျားတွေကိုလည်း နိုင်းကအကဲဖြတ်နေပြန်သည်။

ဘာရယ်မဟုတ် လက်တံဖြူဖြူလေးတွေပေါ်မှ လှုပ်ယမ်းလိုက်တိုင်း မြင်နေရတဲ့ diamond ပုံ tattoo နဲ့အတူ Vein တွေကို အတန်ကြာအောင်ငေးစိုက်နေမိတော့သည်။

"ကိုယ်ကစိတ်သိပ်မရှည်ဘူး...
မင်းလက်မခံရင်လည်းတစ်ခါတည်းငြင်းလိုက်ပါ"

Friends With BenefitsWhere stories live. Discover now