Episode 2

12.8K 293 16
                                    

ဟောကြည့်.....

မိုက်ခရိုဖုန်းကို ခပ်ဖွဖွကိုင်လိုက်တဲ့
မေရွက်ဝါရဲ့လက်တွေဟာ ဆက်ခနဲတွန့်သွားမိသည်။

တစ်စုံတစ်ယောက်ရဲ့အကြည့်စူးစူးတွေဟာ
လူကိုဝေခွဲရခက်စေပြန်​၏

အမြဲလိုလို မေရွက်ဝါသီချင်းဆိုတိုင်းလာနားထောင်တက်တဲ့နိုင်းဟာ အရင်ထိုင်နေကျခပ်မှောင်မှောင်ထောင့်ဆုံးကခုံမှာပဲရှိနေခဲ့သည်။

ဒီနေ့တော့ အဖြူရောင် shirt အင်္ကျီကိုကြယ်သီးခပ်ဟဟနဲ့ ဝတ်ထားတဲ့ နိုင်းဟာ အလုပ် သို့မဟုတ် ရုံးကပြန်လာတဲ့ပုံပေါ်​၏။

စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ပုံပေါ်ကာ ဆံပင်တွေဟာ ပွရောင်းရောင်းဖြစ်နေပေမဲ့ မျက်ဝန်းအရောင်တွေဟာအရင်လိုစူးရှဆဲပင်....

နိုင်းရှေ့မှာရှိနေသော
ဝီစကီတစ်ခွက် ထဲကိုရေခဲတုံးလေးတွေနစ်မြုပ်ပျော်ဝင်နေသလိုပင်
မေရွက်ရဲ့ နှလုံးသားဟာလည်း နိုင်းရဲ့ မျက်ဝန်းတွေထဲနက်နက်ရှိုင်းရှိုင်းပျော်ဝင်မိတော့သည်။

တီးလုံးသံလေးစတာတောင်...

လူကအယောင်ယောင်အမှားမှားဖြစ်နေဆဲပင်

နိုင်းကတော့ အေးစက်တည်ငြိမ်စွာပင် ခြေထောက်တွေကို ချိတ်ရင်း အနောက်ကိုခပ်ရို့ရို့မှီကာ မှိုင်းညို့ရီဝေစွာကြည့်နေခဲ့သည်။

I see you calling
I didn't wanna leave you like that
It's five in the morning, yeah, yeah
A hundred on the dash
'Cause my wheels are rolling
Ain't taking my foot off the gas
And it only took the one night
To see the end of the line
Staring deep in your eyes, eyes
Dancing on the edge, 'bout to take it too far
It's messing with my head, how I mess with your heart
If you wake up in your bed, alone in the dark
I'm sorry, gotta leave before you love me

ဒီညမှ ဆိုဖို့ရွေးချယ်ထားတဲ့ သီချင်းက leave before you love me

အဓိပ္ပာယ်ဟာ တမျိုးဖြစ်နေတာကြောင့် အနည်းငယ်တိုနေတဲ့ ဂါဝန်ကိုပင် မသိမသာဆွဲချမိတော့သည်။

သီချင်းသံဆုံးသွားတော့ bar လေးအတွင်းမှာလက်ခုပ်သံခပ်အုပ်အုပ်ဟာထွက်ပေါ်လာခဲ့သည်။

မေရွက်ဝါရင်ခုန်မိသောနိုင်းကလည်း မလှမ်းမကမ်းမှ လက်ခုပ်တီးကာ ပြုံးတောင့်ပြုံးခဲ ပြုံးနေခဲ့သည်။

Friends With BenefitsDonde viven las historias. Descúbrelo ahora