TVကြည့်နေတဲ့....
သိုးမည်းလေးရဲ့လက်လေးကိုကိုင်ပြီး"သိုးမည်းလေးရဲ့..လက်လေးက
တော်တော်ကိုလှတာဘဲ..""ရှင်ဘာဖြစ်နေတာလဲ...
ဆေးစားမှားထားတာလား..""မဟုတ်ပါဘူး...
ကိုယ်ကလှလို့လှတယ်ပြောတာလေ
ကြည့်ပါအုံးလည်တိုင်လေးကလည်း
လှလိုက်တာ..
အသားအရည်လေးကလည်းဝင်း
နေတာဘဲ.."#ဟုတ်ပြီ..သိုးမည်းလေး
ငါ့ကိုကြွေသွားလောက်ပြီ
လက်ဆောင်တွေကို
ထုတ်ပေးလိုက်တော့မယ်..##ဒီကျီးသိုက်..ငါ့ကိုများ..#
"ဪ...သိပြီ..သိပြီ..
ရှင်ကရှင့်အသားအရည်နဲ့
ကျွန်မအသားအရည်ကိုလာ
ယှဉ်နေတာဘဲ..ဟမ်..
မသိရင်ခက်မယ်..
ဒီမှာမသိရင်မြဲမြဲမှတ်ထား..
ဒီအသားအရည်က..
မဟူရာအသားအရည်လို့ခေါ်တယ်ရှင့်..
မကြားဖူးဘူးမလား..
အသားဖြူအလားကားလူတွေကတော့
ဘယ်သိပါ့မလဲ...
ညိုချောတွေကိုငိုပြောတောင်မရဘူးတဲ့
နားလည်လား...လူကိုများ
လာနှိမ်နေတယ်..ကျီးသိုက်..
ငှက်သိုက်..စာကလေးသိုက်..
ဖွတ်သိုက်...ခွေးသိုက်ကြီး..
ဟူး...ဒေါသထွက်လိုက်တာ..
ငါအကုန်လုံးကိုကိုင်ပေါက်မိတော့မယ်
အားးးးးး စိတ်တွေတိုလာပြီ..
ဗိုက်ကနာရတာကတစ်မျိုး..
ဒင်းကတစ်မျိုး..."လက်သီးလက်မောင်းတွေတန်းရင်း
ခြံပြင်ကိုထွက်သွားတယ်..."မဟုတ်..မဟုတ်ဘူးလေ..
သိုးမည်းလေးရဲ့..
ကိုယ်ကမင်းကိုတကယ်လှကြောင်း
ပြောနေတာပါ..မင်းရဲ့..
မဟူရာအသားအရည်ကို
ကိုယ်လည်းကြိုက်ပါတယ်ကွာ..."ခြံပြင်ကိုထွက်ပြီးလမ်းမဘေးမှာ
လမ်းလျှောက်ရင်း..."ငါ..ဒီကောင်ကိုသတ်ချင်တာကွာ...
ဒီကောင်က..
အသားအရည်ခွဲခြားးတဲ့ကောင်..
ဒီကောင်ကွာ..ငါ့ကိုစိတ်တိုအောင်ဘဲ
လုပ်နေတယ်..""ဟေ့..."
"အမေ့"
"ခွပ်!..."
"အား...."
အနောက်ကနေလာပြီးလူရဲ့ပုခုံးကို
လာပုတ်တော့လန့်ပြီးဆွဲထိုးလိုက်တာ
လက်လွန်သွားပြီနဲ့တူတယ်..
မဖြစ်ဘူး..ပြေးရမယ်..
ဒါမျိုးကအမှုပတ်ရင်မကောင်းဘူး..
YOU ARE READING
ငါနိုးလာတော့ငါ့exရဲ့မိန်းမဖြစ်နေတယ်😵😵(complete)
Romanceဖတ်ပေးကြအုံးနော်ဒါဒါလေးတို့..😁😁
အပိုင်း(၆)
Start from the beginning