"​မောင် ဘာတွေပြောနေတာလဲ"

"ဟောဗျာ မောင်က ရိုးရိုးလေးဘဲပြောတာလေ
အချစ်ရယ် အချစ်ကသာ ဘာတွေတွေးနေတာလဲ"

"ဘာမှမတွေ့ဘူး တော်ပြီ
ကလေးတွေ ပြန်လာရင် ဗိုက်ဆာမှာ
ဟင်းချက်တော့မယ် "

ကိုယ်ပေါ်ကနေ လုံးခနဲဆင်းသွားတယ့်
ကိုယ်လေးကို
ရိုင်းပြန်ဆွဲထားတော့
ရုန်းမရတယ့် ကိုကိုက ခြေလေးကို
စောင့်သေးရဲ့

"မောင် ဘာမှမလုပ်ပါဘူး
ကိုကို့ကို မောင် ခေါင်းဖြီးပေးခြင်လို့ပါ "

"ဟုတ်ပါပြီ ဖြီးဟုတ်ပြီလား"

လွန်းမောင့်ရင်ခွင်မှာ ငြိမ်ငြိမ်လေးပြန်ထိုင်လိုက်တော့
ဘီးလေးနဲ့ တကယ်ကို ဖွဖွလေး
ဖြီးနေတယ့်မောင်
ခေါင်းဖြီးလို့ပြီးတော့
လွန်းသည်လဲ
ချစ်ရတယ့် မောင့်ရင်ခွင်ကနေ
မထွက်တော့ဘဲ
ရင်ခွင်ထဲကို မှီကာ နေလိုက်တော့သည်။

"ကိုကို "

"အွန်း မောင်"

"မောင် အိမ်အကူနဲ့ ခြံအလုပ်သမားခေါ်ခြင်တယ်"

"ဘာပြောတယ် မောင်
ပြန်ပြောလိုက်မောင် "

"မောင် အလုပ်သမားခေါ်ခြင်လို့ပါ"

"ဘာကြောင့်လဲမောင်
ကိုယ် အိမ်မှုကိစ္စတွေလည်း နိုင်နင်းအောင်
လုပ်ပါတယ် ။
ကလေးတွေ ကိစ္စလဲ ကိုယ်အမြဲထောင့်စေ့ပါတယ်
မောင့်အပေါ်လဲ ကိုယ် အိမ်အလုပ်ကြောင့်
အချစ်မလျော့ပါဘူး ဘာလို့အပြင်လူခေါ်ခြင်ရတာလဲ"

"ကိုကို တစ်မျိုးမထင်ပါနဲ့
မောင်ခေါ်မယ်ဆိုတာက
ကိုကို အလုပ်တွေများပြီး နေမကောင်းဖြစ်မှာဆိုးလို့ပါ
တကယ်လို့ ကိုကိုသာ တစ်ခုခုဆို
မောင် ရင်ကွဲမှာ
ပိုက်ဆံဆိုတာ မောင့်အတွက်မရှားပါဘူးကိုကို
ဒါပေမယ့် မောင့်ရဲ့ တန်ဖိုးမဖြတ်နိုင်တယ့်
နှလုံးသားလေးဖြစ်တယ့် ကိုကို့ကိုတော့
ဘာကြောင့်မှ အထိခိုက်မခံနိုင်ဘူး။"

"တော်တော့မောင် ကိုယ်ကလေးတွေ ကိစ္စ
မောင် ကိစ္စအကုန် ကိုယ်လုပ်နိုင်တယ်
ဘာအကြောင်းနဲ့မှ ခေါ်စရာမလိုဘူး"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now