တဖြည်းဖြည်းနဲ့ လွန်းမျက်လုံးအိမ်ထဲမျက်ရည်တို့ပါ ဝေ့တက်လာပြီ
တကယ် နာနေပြီ ကြောင်ဆိုးလေးရယ်
နောက်ဆုံးတော့ လွန်းမှာ အားကုန်သုံးကာ
ရုန်းတော့မှ မောင်ဟာ လွှတ်လိုက်ရင်း
သူ့လက်ကို သူမယုံနိုင်သလိုကြည့်နေသည်။

"မောင် ကိုယ် ဘာမှမဖြစ်ပါဘူး
မောင် ရိုင်းလေး"

"တောင်းပန်တယ်ကိုကို မောင်လေ
တကယ်နာကျင်စေဖို့ မရည်ရွယ်ပါဘူး "

"ရတယ်မောင် ကိုယ်သိပါတယ်
အဆိုးရယ် အားယို့ ချွေးတွေတောင်ထွက်နေပြီ
အဆင်ပြေရဲ့လားမောင် ဟင် "

နူးညံ့နေတယ့် လက်အိအိလေးက
ရိုင်းရဲ့ နှာဖူးက ချွေးတို့အား
အသာလေးဖိကာ သုတ်ပေးလေသည်။

"အဆင်ပြေပါတယ် ကိုကို
လာ အဝတ်လှန်းနေတာမလား
မောင်လှမ်းမယ် ကိုကိုက ဒီမှာထိုင်နေနော် "

ပြောရင်းဆိုရင်းနဲ့ပင် ဝရံတာက ခုံလေးပေါ်သို့
မောင်ဟာ လွန်းကို ချီ၍
တယုတယတင်ပေးလိုက်သည်။
ဟင်း အဆိုးလေး စိတ်အတက်အကျ မြန်နေသလိုဘဲ

လွန်းခုံမှာ အေးဆေးထိုင်နေတုန်း
မောင်ကတော့ အဝတ်တွေအကုန်လုံးကို
လှန်းနေလေပြီ။
အွန်း အဆိုးလေး တော်တော်တော့
လုပ်တာ သေသပ်လာပြီ

ရိုင်း အဝတ်တွေအားလုံးလှန်းပြီးတော့
ထိုင်ခုံကနေ သူ့ကိုကြည့်ကာ
မျက်နှာလေးက နှစ်ခြိုက်စွာပြုံးရင်း
တစိမ့်စိမ့်ကြည့်နေတယ့် ကိုကို

ရိုင်းလည်းအနားကို သွားတော့
လက်ကလေးဆန့်တန်းပေးတယ့် ကိုကိုကြောင့်
ရိုင်းမှာ သွားစွယ်လေးတွေပေါ်သည်အထိ
ရယ်ကာ ကိုကို့ကို တယုတယနှင့်
ပဲ့ကြွေသွားမှာစိုးသည့်အလား
ချီလိုက်တော့ ပုခုံးပေါ်ကို မေးလေးတင်ရင်း
လည်ပင်းကိုပါ ဖက်တွယ်လာတယ့် လက်ကလေးတွေ
ရိုင်းမှာ ချီထားရင်းနဲ့ပင်
ကိုကို့ပါးလေးကို နမ်းရှိုက်ကာ
မှန်တင်ခုံက ဘီးလေးကို ယူလိုက်သည်။

"ကိုကိုက မောင့်ကို အရမ်းအသည်းယားအောင်
လုပ်တယ်နော် "

"ကိုယ်မလုပ်မိပါဘူး"

"ဟုတ်လို့လား အခု ကိုကို့ရဲ့ပုံစံလေးက
မောင့်ကို အရမ်းကို ဆွဲဆောင်နေတယ်နော် "

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now