“မင်းလိုချင်လို့လား..?”

သိသိသာသာပဲ၊ ဒီကမ္ဘာမှာ ကြီးပြင်းခဲ့ရတဲ့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ မကျေနပ်ချက်တွေကို နားမလည်ပါဘူး။ ရွှယ်ယို့ရှန်းက ပါရှားကြောင်လေးနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာလို့ ထင်မြင်သွားခဲ့တယ်။

“…………”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ကြောင်လိုချင်သလားလို့ မေးနေပေမယ့် သူ့ရဲ့ အကြည့်စူးစူးနဲ့ ပေါင်းစပ်လိုက်လေတော့ မေးမြန်းနေတာနဲ့ မတူတော့ဘဲ အမိန့်နာခံဖို့ စေခိုင်းနေသလိုပဲ။ အစ်ကိုကြီးရေ အတင်းအကျပ်ကြီး ထိုးမရောင်းပါနဲ့လားဗျာ..!

လိုဏ်ဂူထဲမှာတုန်းက ရင်းဆုယဲ့ သူ့ကို ရတနာတွေ အတင်းထိုးပေးခဲ့တဲ့ အချိန်ကို ပြန်သတိရသွားခဲ့တယ်။ အခုလည်း နည်းလမ်းဟောင်းကြီး ထုတ်သုံးနေပြန်ပြီ။ ရင်းဆုယဲ့မှာ တခြားရည်ရွယ်ချက် ရှိနေတာလား..? ဧကန္တ ပါရှားကြောင်ကိုသုံးပြီး သူ့ကို စိတ်ကျေနပ်စေချင်ပေမယ့် ဘာလိုပြောရမှန်းမသိ ဖြစ်နေတာများလား..?

သူ့စိတ်ထဲမှာ အဖြေရှာခဲ့ပြီးနောက် ရင်းဆုယဲ့ရဲ့ ဖြောင့်မတ်တည်ကြည်တဲ့ အမူအရာကိုကြည့်ရင်း အခြေအနေကို နားလည်သွားတယ်။ ရွှယ်ယို့ရှန်းက အမှန်တရားကို နားလည်လိုက်ပေမယ့် ထုတ်ပြောလိုက်ရင် ရင်းဆုယဲ့ ရှက်သွားမှာစိုးပြီး..

“အင်း.. ကျွန်တော် ဒီကြောင်စုတ်လေးကို လက်ခံလိုက်ပါ့မယ်..”

ရွှယ်ယို့ရှန်းက ခေါင်းညိတ်ကာ သဘောတူလိုက်တယ်။ ပါရှားကြောင်က ရင်းဆုယဲ့ရဲ့ ကြင်နာမှုသင်္ကေတဖြစ်နေတော့ သူလည်း စိတ်မပါလက်မပါနဲ့ လက်ခံလိုက်ရတော့တယ်။

ကြောင်ကို လက်ခံလိုက်ပြီးနောက် ရွှယ်ယို့ရှန်းတစ်ယောက် သူ့ရဲ့အတွေးနွံထဲ ပြန်နစ်သွားပြန်တယ်။ အခု သူက အဓိကဇာတ်လိုက်ရဲ့ Golden Finger ကို မမျှော်လင့်ဘဲ ဖြတ်ခုတ်လိုက်မိတာလား..? ဒါပေမဲ့ သူသာ ကြောင်ကို လိုချင်ပါတယ်လို့ မပြောလိုက်ရင် အဓိကဇာတ်လိုက်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်နေတဲ့ ရင်းဆုယဲ့ရဲ့ လက်ထဲမှာ ဒီကြောင်လေးတော့ ကျိန်းသေပေါက် သေဆုံးသွားမှာပဲ။ အဲ့တော့ ကြောင်လေးကို လက်ခံလိုက်တယ်ဆိုတာ ကြောင်ရဲ့အသက်ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကယ်တင်လိုက်တဲ့ သဘောပဲပေါ့..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now