ကျင်ရွှင်ကမေးလိုက်သည် : " Mr. ကျွန်တော့်အကူအညီလိုသေးလား?"

သူမချက်တတ်ပေမယ့် ဟင်းသီးဟင်းရွက်ဆေးတာမျိုးကဲ့သို့ ရိုးရှင်းတဲ့အလုပ်တွေကိုတော့ သူလုပ်နိုင်မယ်လို့ကျင်ရွှင်ထင်သည်။

သို့ပေမယ့် ရှန်ရိကျင်းက ပြောလာသည် : " မလိုပါဘူး"

"ရှောင်ရွှင် သွားကစားနေလေ။ ကိုယ်ပြီးသွားရင် လှမ်းခေါ်လိုက်မယ်"

ကျင်ရွှင် : "အိုကေ"

အဲ့လိုပြောလိုက်ပေမယ့် ကျင်ရွှင်က ကစားဖို့မသွားဘဲ လိမ်လိမ်မာမာနဲ့ရပ်နေကာ ရှန်ရိကျင်းမီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတာကို စောင့်ကြည့်နေ၏။

Mr.ခြေတံရှည်က အလွန်ကိုစနစ်ကျတဲ့အမူအရာနဲ့ ပစ္စည်းတွေကိုစတင်ပြုလုပ်နေသည်။ ကျင်ရွှင်မြင်တာကတော့ ပထမဆုံးသူက သူလိုအပ်တဲ့အသီးအရွက်တွေကို အသီးအရွက်ဆေးစက်ထဲဆေးကြောဖို့ ထည့်လိုက်ပြီး ဆေးနေတဲ့အချိန်ကို အကျိုးရှိရှိအသုံးချကာ ထမင်းချက်လိုက်သည်။ အသီးအရွက်တွေဆေးပြီးနောက် သူတို့ကိုဆယ်ယူကာ အသားတွေကို ဆေးတဲ့စက်ထဲထည့်လိုက်၏။

အသားကိုဆေးရတာက တော်တော်ကြာသည်။ ဒီအဆင့်မှာ အက်စစ်ဓာတ်တွေကို ဖယ်ထုတ်ပစ်ဖို့လိုသည်။ အဲ့အချိန်အတွင်းမှာ ရှန်ရိကျင်းက ဟင်းသီးဟင်းရွက်တွေအားလုံးကို လိုသလိုလှီးဖြတ်နေသည်။ သူကနေရာမှာပဲရပ်နေကာ သူ့ရဲ့ပုံမှန်ဖြောင့်တန်းသွယ်လျတဲ့ကျောကုန်းက ဒီအခိုက်အတန့်မှာ အနည်းငယ်ကုန်းနေပေမယ့် အဲ့တာက big bossရဲ့အရှိန်အဝါကို လုံးဝသက်ရောက်မှုမရှိပေ။

သူ့ရဲ့သွယ်လျတဲ့လက်ချောင်းတွေက ဟင်းချက်ဓားပေါ်မှာ ကပ်တွယ်နေကာ မျက်ဝန်းတွေကအာရုံစိုက်နေပြီး လှုပ်ရှားမှုတွေက အရည်အချင်းပြည့်လွန်းလှသည်။

ကျင်ရွှင်ကမနေနိုင်ဘဲ ရှန်ရိကျင်းက နိုင်ငံခြားမှာအစောကြီးကတည်းက သွားရောက်ပညာသင်ခဲ့တယ်လို့ ရှောင်ထန်းပြောခဲ့တာကို သတိရသွားသည်။

အပြင်မှာနေထိုင်တာက အရာအားလုံးကိုယ့်ကိုကိုယ်အားကိုးရတာပင်။

အစောကြီးဆိုတာက ဘယ်လောက်"စော"တာလဲ? သူက ရှန်မိသားစုရဲ့အကြီးဆုံးသခင်လေးမဟုတ်ဘူးလား? သူက သူ့အတွက်သူချက်နေခဲ့ရတယ်ပေါ့?

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now