Part-(44.2) Manie's diary

Start from the beginning
                                    

အမျိုးသမီးက မှိုင်းညို့ညို့မျက်ဝန်း​တွေနဲ့စာချုပ်ကိုင်ပြီးထွက်သွားခဲ့သည်။

"ဟူး... ဒါ​ကြောင့် ငါအပူမရှာတာ..."

အချိန်ကိုက်ဖုန်းမြည်လာ၍ ထက်​ဝေ​သော် contact nameကြည့်လိုက်​တော့ ဇာမဏီ...

"​​အေး... သားကြီး​ပြော ငါရုံးခန်းမှာကွ"

တစ်ဖက်အသံကခပ်အုပ်အုပ်ထွက်​ပေါ်လာသည်။

"င​သော် မင်းအခု ရန်ကုန်လာ​ပေးလို့ရမလား။"

"ဘာ... ​ဟေ့​ကောင် မင်းရူး​နေလား။ ငါအားယားမ​နေဘူးကွ အမှုသည်​တွေတန်းစီ..."

ထက်​ဝေ​သော်အသံဟာ တစ်ဖက်မှစကားတစ်ခွန်း​ကြောင့်ပြတ်ကျသွားရတယ်။

"ငါ့မှတ်ဥာဏ်​တွေ ကုန်​တော့မယ်။ င​သော်
ငါ​သေတမ်းစာတစ်​စောင်အမြန်​ရေးဖို့လိုတယ်။"

ထက်​ဝေ​သော်ဖုန်းကိုင်ထားရင်း အသက်မဲ့​သလိုဖြစ်နေခဲ့သည်။

"ငါစိတ်ချမယ်​နော် င​သော် အတတ်နိုင်ဆုံးအမြန်လာခဲ့​ပေးပါ..."

ဖုန်းချပြီးတာနဲ့ အိမ်ကြီးရဲ့အထပ်မြင့်ပြတင်း​ပေါက်က​နေ စီးကရက်တစ်လိပ်ရှိုက်ဖွာလို့ ခြံထဲ​ငေးမိတယ်။

သူလုပ်တာ​တွေမှန်ပါတယ်​နော်...

မဏီ၏​တောက်ပခြင်းကင်းမဲ့​သောမျက်ဝန်းညိုညို​တွေက လှပ​နေဆဲဖြစ်​သည်။ပြာနှမ်း​သောနှုတ်ခမ်းဖူးအားတစ်​ယောက်​သောသူမြင်လျှင်ဆူ​ပေဦးမည်။

မဏီအခုတ​လော မလုပ်ဖူးတာ​တွေ လုပ်မိလာသည်။ က​လေး​တွေအ​ပေါ်လည်း မကြာခဏအပြစ်​ပေးမိသည်။ ပြီးလျှင်ကိုယ်ကသာစိတ်မ​ကောင်းဖြစ်ရစမြဲ...

"ငါ့ပစ္စည်း​တွေယူမကိုင်နဲ့လို့​ပြောထားတယ်မလား ​ဟေ့​ကောင်"

ပင်စိမ်းသီးမှာယခင်က အမြဲအိမ်ကြီးထဲဗရုတ်ကျ​ကာလျှောက်သွား​နေတတ်စမြဲမို့ ဒယ်ဒယ့်လျှို့ဝှက်ခန်းအား မ​တော်တဆ​ရောက်သွားခဲ့သည်။ ဒယ်ဒယ့်ဂိုဏ်းကဖျက်ပြီးသွားပြီဆို​ပေမဲ့ လက်နက်​တွေ​တော့ကျန်​နေ​သေး၍ အမိုက်စား ရိုင်ဖယ်တစ်လက်ကို ကိုင်ကြည့်ရုံရှိ​သေးသည်။ဒယ်ဒယ့်အသံက ​ပေါ်လာ၍ မျက်နှာချို​သွေးရသည်။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now