စုလင်းရဲ့ Pheromone မူမမှန်မှု​ကြောင့် စစ်​ဆေးသူ၃ဦးက စစ်​ဆေးမှုစတင်ကတည်းက စုလင်းကို ​စောင့်ကြည့်​နေခဲ့ကြသည်။ ထို့​ကြောင်ပင် ထို၃​​ယောက်သား၏ မျက်နှာထက်တွင် လုံးဝကို ​ရှော့ခ်ရ​နေသည့်အမူအရာတစ်ခု ရှိ​နေသည်။ Eအဆင့် စိတ်ဝိညာဥ်ပင်က IQ နိမ့်ပြီး Omega​တွေရဲ့ ​ချစ်ခင်ကြင်နာမှုတွေကို လက်ခံဖို့အလွယ်ဆုံး အမျိုးအစားဖြစ်သည်ဆို​သော်လည်း Pheromone​များအသုံးမပြုတာကို ထည့်မတွက်ရင်​တောင် တက္ကသိုလ်ဝင်ခွင့်မရ​သေး​သောOmegaများအတွက်​တော့ မလွယ်ကူသည့်စစ်​ဆေးမှုတစ်ခုပင်။ ဒီလို ရင်းနှီးနိုင်မှုစွမ်းရည်က တကယ်ကို ရှားပါးလှသည်။

စုလင်းက တစ်ခြားOmega​တွေဘယ်လို လုပ်​နေကြသလဲကို လိုက်မကြည့်​တော့​ပေ။ နာရီဝက်ကြာ​အောင်ပင် သူက သူ့ရဲ့Camelliaပင်​လေးနဲ့ ​ဆော့ကစား​နေခဲ့သည်။ စုလင်း သူ့လက်က​လေး​တွေကို အချိန်နဲ့အမျှ ဟိုဘက်သည်ဘက် ​ရွေ့လျား​​နေခဲ့ပြီး ပန်းပွင့်​လေး​တွေ သူ့လက်နား​ရောက်လာသည်နှင့် ပွင့်ချပ်​လေး​တွေကိုပွတ်လိုက်ပြီး သူ့လက်ကို တစ်ခြားတစ်ဖက်ကို ​ရွေ့လိုက်ပြန်သည်။ အကိုင်းအခက်​လေး​တွေကလည်း သူ့လက်ကို အမိဖမ်းဖို့ ဦးတည်ရာ​ပြောင်းလာရင် စုလင်းက ခုနကလိုပင် ထပ်ခါထပ်ခါ ဟိုဒီ​ရွေ့​နေလိုက်သည်။ စုလင်းသိလိုက်ရသည်က Eအဆင့် စိတ်ဝိညာဥ်ပင်​လေး​တွေဟာ က​လေး​လေး​တွေလိုပင် တစ်ချိန်လုံး ​ပြေးတမ်းလိုက်တမ်းကစားရတာ ကြိုက်ကြပုံရသည်။ ​လေထုထဲက ရနံ့ သိပ်သည်းမှုအ​ပြောင်းအလဲက အ​ကောင်းဆုံးသက်​သေပင်။စုလင်းလည်း ဒီကစားနည်းက အရမ်းစိတ်ဝင်စားစရာ​ကောင်းတာကို ​တွေ့လိုက်ရပြီး နာရီဝက်က မျက်​တောင်တစ်ခတ်အတွင်းပင် ကုန်လွန်သွားခဲ့သည်။

ကြီးကြပ်သူက စစ်​ဆေးမှု ပြီးဆုံး​ကြောင့်​ကြေငြာချိန်တွင် စုလင်း အနည်းငယ် စိတ်မ​ကောင်းဖြစ်မိသည်။ သူလည်းCamellia ပင်​လေးရဲ့ခံစားမှု​တွေကို ခံစားနိုင်လျှင် အလွန်​ကောင်း​ချေမည်။ တစ်ချိန်တည်းမှာပဲ လူတိုင်းရဲ့ ရမှတ်​တွေကို စာ​မေးပွဲSystemထဲ လွှဲ​ပြောင်း​ပေးခဲ့သည်။ ထို့​နောက်တွင် ကြီးကြပ်သူများနှင့် ​ဖြေဆိုသူများဟာ တတိယ စစ်​ဆေးမှုအတွက် ဧရိယာ002ကို ​သွားခဲ့ကြသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းМесто, где живут истории. Откройте их для себя