🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!

Start from the beginning
                                    

"အဒ်ဒမ်လင်းညို!နင့်အကြောင်းတစ်ကြောင်းတောင်ပါမနေဘူးနော်"

ခေမီကသူ့ကို အံကြိတ်သံနဲ့ပြောလာလို့ အဒ်ဒမ် ပုခုံးတွေတုန်တဲ့ထိရယ်လိုက်တယ်။တော်တော်ရယ်ရတဲ့ မိန်းမ!

"နင်ရူးနေလား!ငါ့အစ်ကိုအကြောင်းက ငါ့အကြောင်းမဟုတ်လို့ ငါ့ဆိုင်ကယ်အကြောင်းလား..ဉီးနှောက်ကတော့တကယ်ပုံမှန်မဟုတ်ဘူးထင်တယ်"

ခေမီဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတောင် တုန်လာတယ်။ဒီ ကပြားကောင်က ဘယ်တုန်းကဒီကိုရောက်နေတာလဲ!အဲ့ဒါတွေအကုန် ဟိန်းထက်ကြောင့်ပဲ...သူ့ကို ဘာမြှပန်မပြောလို့ သူဘာမှမသိရတာ။

ဟိန်းထပ်ကိုခေမီ စူးခနဲကြည့်ပြီး..
"ဟိန်းထက်!ကိုကို့ကို ဆေးရုံပြောင်းမယ်...နင်လိုအပ်တာတွေသွားလုပ်"

အဒ်ဒမ်လင်းညိုနဲ့ စကားပြိုင်ပြောရင် သူသွေးတက်ပြီး သေသွားနိုင်တာမို့ ဟိန်းထက်ကိုပဲညွှန်ကြားစရာရှိတာညွှန်ကြားတော့လဲ ဟိန်းထက်က အဒ်ဒမ်လင်းညိုကို အတည်ပြုသလိုလှမ်းကြည့်တာမို့ ခေမီဒေါသထွက်ပြီးအော်လိုက်တယ်။

"သွားလေ!ဘာလုပ်နေတာလဲ"

"ဟိန်းထက်...အပြင်ကိုခဏလေးထွက်ပေး"

"ဟုတ်ကဲ့!"

ဟိန်းထက်ထွက်သွားတော့ အဒ်ဒမ်လင်းညိုက ထိုင်ခုံပေါ်ဖြေးဖြေးသက်သာထိုင်ချလိုက်ပြီး ခေမီ့ကိုပါ မေးဆတ်ပြပြီးထိုင်ခိုင်းတယ်။သူ(မ)မထိုင်ဘဲ မတ်တပ်ဆက်ရပ်နေလိုက်တော့ ပုခုံးတွန့်ပြုံးပြီး...

"ငါ့အစ်ကိုကိစ္စတွေကို နင်ဘေးဖယ်နေလိုက် ခေမီ...ငါကြည့်လုပ်လိုက်မယ်"

"ငါကဘာအကြောင်းနဲ့ ဘေးဖယ်နေရမှာလဲ...ငါကသူ့ရဲ့..."

"ဇနီးလောင်းလေ..စေ့စပ်ထားကြတာ...နင်ကစေ့စပ်မပေးရင် နင့်ဉီးလေးနဲ့ အန်တီ့အကြောင်း​ကိုကြီးကိုပြောလိုက်မယ်ဆိုလို့ စေ့စပ်ဖြစ်သွားတာလား...ပြောပြစမ်းပါ...ငါ့အစ်ကိုကအဲ့အကြောင်းတွေမသိလို့နင်နဲ့စေ့စပ်လိုက်ရတာ ခုလဲနိုးလာတာနဲ့ ငါကပြောပြမှာမို့ သေချာသိချင်လို့"

ခေမီ့မျက်လုံးတွေ နည်းနည်းဂဏာမငြိမ်ဖြစ်သွားပေမယ့် ပညာရှင်ဆန်ဆန်ပဲ အမြန်ဆုံးပြန်ပြင်ဆင်လိုက်နိုင်တယ်။အဒ်ဒမ်ဘယ်လောက်ထိသိထားလဲ ခေမီမသိပေမယ့် အဒ်ဒမ်ဆိုတဲ့ကောင်အကြောင်းတော့သိတယ်။သူ့အကျိုးအမြတ်အတွက်ပဲ ဂရုစိုက်တာ...ခုလဲသူ့ (မ)ကို အမှတ်မရှိလာထပ်ရှုပ်ရင် ပထမတစ်ကြိမ်ကလိုပဲ Hotelကိုမီးစလေးတို့ပေးလိုက်ရုံ..

?Daffodils[Complete]Where stories live. Discover now